MPT Myanmar National League 2018 ဘောလုံးရာသီအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန် ယူနိုက်တက် အသင်းသည် ဟံသာဝတီယူနိုက်တက်အသင်းမှ ကွင်းလယ်ကစားသမား မောင်မောင်လွင် ကို ၃ နှစ်စာချုပ် ချုပ်ဆို ခေါ်ယူခဲ့ကြောင်း ရန်ကုန်အသင်းက သတင်းထုတ်ပြန်ခဲ့သည်။
၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်း| ပြည်ပပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ရှိနေသည့် ရန်ကုန်အသင်းအနေဖြင့် မောင်မောင်လွင် မတိုင်မီ ချင်းယူနိုက် တက်အသင်းမှ ဆွမ်လမ်မန်ကိုလည်း ခေါ်ယူထားခဲ့ပြီး ဖြစ်သည်။ အခြားသတင်းတစ်ရပ်တွင် ရတနာပုံအသင်းတိုက်စစ်မှူး အောင်သူမှာ လာမည့်နှစ်တွင် ထိုင်းလိဂ် ၁ ကလပ် Police Tero FC အသင်း၌ တစ်ရာသီ အငှားစာချုပ်ဖြင့် သွားရောက်ကစားမည်ဖြစ်ကြောင်း သိရပါသည်။
၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်၍ စက်တင်ဘာလကုန်အထိ ကျင်းပသွားရန် လျာထားစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းပြိုင်ပွဲအတွက် ကလပ်အသင်းများ ကစားသမား အပြောင်းအရွှေ့ များပြုလုပ်ခြင်း| စာချုပ်သက်တမ်း တိုးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဘောလုံးသမား အပြောင်းအရွှေ့ ကာလ ပထမအကျော့ကို ၂၀၁၇ နိုဝင်ဘာလ ၁ရက်မှ ၂၀၁၈ ဇန်နဝါရီ ၁၃ ရက်အထိ လည်းကောင်း| ဒုတိယရာသီဝက် အပြောင်းအရွှေ့ ကာလအား မေလ ၁ ရက်နေ့ မှ ၃၁ ရက်နေ့ အထိ လည်းကောင်း သတ်မှတ်ပေးထားပါသည်။

 

ဓတ်ပုံ – ရန်ကုန်ယူနိုက်တက်