၂၀၁၈ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို လာမည့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်မှ စတင်ကာ ၂၃ ရက်ထိ ကျင်းပမည်ဖြစ်ပြီး ယခင်နှစ်များအတိုင်းပင်အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

၂၀၁၈ ခုနှစ် MNL-1 အမှတ်ပေးပြိုင်ပွဲတွင် ယခင်နှစ်များအတိုင်း ကလပ်အသင်း ၁၂ သင်း ပါဝင်မည်ဖြစ်ပြီး ရန်ကုန်မြို့အပါအ၀င် မန္တလေး၊ နေပြည်တော်၊ ပုသိမ်၊ တောင်ကြီး၊ မော်လမြိုင်၊ ပဲခူး၊ စစ်တွေ၊ မုံရွာမြို့ကြီးများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရန်ကုန်ယူနိုက်တက်အသင်းက ရန်ကုန်မြို့ရှိ YUSC ကွင်းတွင်းလည်းကောင်း၊ ရှမ်းယူနိုက်တက်အသင်းက တောင်ကြီးအားကစား ကွင်းတွင်လည်းကောင်း၊ ရတနာပုံအသင်းက မန္တလေးမြို့၊ မန္တလာသီရိကွင်းတွင်လည်းကောင်း၊ ရခိုင်ယူနိုက်တက်အသင်းက စစ်တွေမြို့ရှိ RUFC ကွင်းတွင်လည်းကောင်း၊ ဟံသာဝတီယူနိုက်တက်အသင်းက ပဲခူးမြို့ရှိ Grand Royal Stadium ကွင်းတွင် လည်းကောင်း၊ ဆောက်သမ်းအသင်းက မော်လမြိုင်မြို့ရှိ SMFC ကွင်းတွင် လည်းကောင်း၊ တန်းတက်အသင်းနှစ်သင်းဖြစ်သည့် မဟာယူနိုက်တက်အသင်းနှင့် မြ၀တီအက်ဖ်စီအသင်းတို့မှာ စစ်ကိုင်းတိုင်း မုံရွာကွင်းနှင့် နေပြည်တော်ရှိ ဇေယျာသီရိကွင်းများ တွင်လည်းကောင်း ၄င်းတို့၏ အိမ်ကွင်းပွဲစဉ်များအဖြစ် အသီးသီး လက်ခံကျင်းပသွားမည်ဖြစ်သည်။

ယခုချိန်ထိ အိမ်ကွင်း လက်ခံကျင်းပနိုင်ခြင်းမရှိသေးသော မကွေးအက်ဖ်စီအသင်း၊ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် GFA FC အသင်း သုံးသင်းတို့မှာမူ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးမှ စီစဉ်သတ်မှတ်ပေးမည့် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း (သို့မဟုတ်)အောင်ဆန်း ကွင်းများတွင် ၄င်းတို့၏ အိမ်ကွင်းပွဲစဉ်များကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။