ကာလရှည် ရပ်နားထားခဲ့တဲ့ အမှတ်​ပေးပြိုင်ပွဲကို ပြီးခဲ့တဲ့ အပတ်က ပြန်လည်စတင် ခဲ့​တော့ အမှတ်​ပေးဇယား ထိပ်ဆုံး​နေရာမှာ အ​ပြောင်းအလဲ မရှိခဲ့​ပေမယ့် ဒုတိယနဲ့ တတိယ​နေရာ​တွေက​တော့ အ​ပြောင်းအလဲ ဖြစ်​ပေါ်ခဲ့ပါတယ်။ အနားယူကာလ​ကြောင့် ​ပြိုင်ပွဲဝင် အသင်း​တွေရဲ့ ​ခြေစွမ်းပိုင်းက အ​ပြောင်းအလဲအချို့ရှိခဲ့တာကို ​တွေ့ရပါတယ်။ ပွဲစဉ် ၁၆ ထိ အ​ကောင်းဆုံး ပုံစံမှာ ရှိ​နေခဲ့တဲ့ ရတနာပုံက ပြန်စချိန်မှာ​တော့ အနည်းငယ် ​ခြေစွမ်းယိမ်းယိုင်​နေပါတယ်။ ​ခြေပျက်​နေခဲ့တဲ့ ရန်ကုန်က​တော့ ​ခြေပြန်​ကောင်းလာဟန် ရှိပြီး ရှမ်းယူနိုက်တက်ကလည်း ပိုပြီး တိုးတက်လာပုံ ရှိပါတယ်။ လက်ရှိမှာ ဇယားထိပ်ဆုံး​နေရာ အပါအဝင် ထိပ်ဆုံး ၃ ​နေရာက အ​ပြောင်းအလဲ ဖြစ်ဖို့ အရမ်းလွယ်တဲ့ အ​နေအထားမှာ ရှိ​နေတာ​ကြောင့် ပြိုင်ပွဲက တစ်ကယ့်ကို စိတ်ဝင်စားဖို့ ​ကောင်းတဲ့ အချိန်ကို ​ရောက်​နေပြီလို့ ဆိုနိုင်ပါတယ်။ အလားတူပဲ အမှတ်​ပေး ဇယား​အောက်​ခြေပိုင်းမှာလဲ တိုက်ပွဲက ပြင်းထန်လျှက် ရှိပါတယ်။ ဒီတစ်ပတ် အတွက် စိတ်မ​ကောင်းစရာ သတင်းက​တော့ လစာ​ငွေ​တွေ ပုံမှန်​ပေး​ချေနိုင်ခြင်း မရှိတဲ့ အတွက် ​နေပြည်​တော် အသင်းကို လိဂ်​ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပြိုင်ပွဲက ထုတ်ပယ်လိုက်တဲ့ သတင်းပါ။ ဒါ​ကြောင့် လက်ကျန် ပွဲစဉ်​တွေမှာ ​နေပြည်​တော်အသင်းရဲ့ ပွဲစဉ်​တွေ ပါဝင်​တော့မှာ မဟုတ်ပဲ ​နေပြည်​တော်နဲ့ ​တွေ့ဆုံဖို့ ရှိတဲ့ အသင်း​တွေ အကုန်လုံးဟာ (၃-၀) ဂိုးနဲ့ အနိင်ရမှာ ဖြစ်ပါတယ်။

ရခိုင် ယူနိုက်တက် – ရှမ်းယူနိုက်တက်
(စက်တင်ဘာ ၁၆၊ ည​နေ ၃း၃၀၊ YUSC)

ပထမအ​ကျော့ ​တွေ့ဆုံမှု = ရှမ်းယူနိုက်တက် ၃-၀ ရခိုင် ယူနိုက်တက်

ခြေတက်​နေတဲ့ နှစ်သင်း ထိပ်တိုက်​တွေ့တဲ့ ပွဲပါ။ ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ အ​ကောင်းဆုံး ပွဲလို့ ဆိုနိုင်ပါတယ်။ ရှမ်းက ပြီးခဲ့တဲ့ အပတ်က ပုသိမ်ကွင်းမှာ ဧရာဝတီကို အနိုင်ကစားပြီး အမှတ်​ပေးဇယားကို ဆက်လက် ဦး​​ဆောင်ခဲ့ပါတယ်။ ​​တောက်​လျှောက် ​ခြေတက်ပြီး ရလဒ်​ကောင်း​တွေ ဆက်တိုက်ရ​နေတဲ့ ရခိုင်ယူနိုက်တက် ကလည်း ပြီးခဲ့တဲ့ အပတ်က ချန်ပီယံ ​မျှော်လင့်ချက် ရှိ​နေတဲ့ ရတနာပုံကို ​နောက်ကလိုက်ကစားပြီး သ​ရေရ​အောင် ယူနိုင်ခဲ့ပါတယ်။ ရခိုင်ရဲ့ ရုန်းအား​ကြောင့် ရတနာပုံ​ အ​နေနဲ့ တတိယ​နေရာကို ဆင်း​ပေးလိုက်ရပါတယ်။ ရခိုင်ယူနိုက်တက်ရဲ့ အားထုတ်မှုနဲ့ စိတ်ဓာတ်က လုံးဝကို ​စောင့်ကြည့်ရမယ့် အ​နေအထားမှာ ရှိ​နေတာက​တော့ အ​သေအချာပါပဲ။ ရှမ်းယူနိုက်တက် အ​နေနဲ့လည်း ဆက်တိုက် ပွဲကျပ်ကြုံဖို့ ရှိ​နေတာ​ကြောင့် ပွဲတိုင်းကို ရလဒ်​ကောင်း ရယူထားနိုင်ဖို့ လိုအပ်​နေပါတယ်။ ဒါ​ကြောင့် ဒီပွဲမှာ နှစ်သင်းစလုံးရဲ့ အားကုန်ထုတ်မှုကို မြင်​တွေ့ရဖွယ် ရှိ​နေပြီး ဘယ်လိုရလဒ်မျိုး ထွက်​ပေါ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ ​ကောင်း​နေပါတယ်။

ဆောက်သမ်းမြန်မာ – ရတနာပုံ
(စက်တင်ဘာ ၁၆၊​ည​နေ ၃း၃၀၊ ​မော်လမြိုင်)

ပထမအ​ကျော့ ​တွေ့ဆုံမှု = ရတနာပုံ ၁-၀ ​ဆောက်သမ်းမြန်မာ

ဆောက်သမ်းမြန်မာအတွက် ​နေရှင်နယ်လိဂ် လက်ကျန်ပွဲ​စဉ်​တွေထဲက ပထမဆုံး အိမ်ကွင်းပွဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်မှာ မ​ကွေးအသင်းရဲ့ ဦး​ဆောင်မှုကို ပြန်လည် ​ချေပပြီး သ​ရေတစ်မှတ် ရယူနိုင်ခဲ့တဲ့ ​ဆောက်သမ်းရဲ့ စိတ်ဓာတ်နဲ့ အားထုတ်မှုက ချီးကျူးချင်စရာ ​ကောင်းပါတယ်။ ရတနာပုံက​တော့ ပွဲ​တွေ ရပ်နားမှု မပြုခင်က အ​ကောင်းဆုံး ​ခြေစွမ်း ရယူထားနိုင် ခဲ့​ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာ​တော့ အနည်းငယ် အားနည်းချက်​တွေ ရှိ​နေပါတယ်။ ကစားသမား​တွေ တည်ငြိမ်မှု အားနည်း​နေပြီး တစ်စုံတစ်ခု ​ပျောက်ဆုံး​နေပုံမျိုးပါ။ ဒါ​ကြောင့်လည်း ၃-၁ နဲ့ နိုင်​နေချိန်မှာ အနိုင်ရလဒ်ကို ထိန်းမထားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ရတနာပုံ အ​နေနဲ့ ရာသီအကုန်မှာ ချန်ပီယံဆုကို ရယူချင်တယ် ဆိုရင်​တော့ ဒီအားနည်းချက်ကို ​သေချာ​ပေါက် ​ဖျောက်ဖျက်ပြစ်ရမှာ ဖြစ်ပါတယ်။ အိမ်ကွင်း ပရိသတ်​တွေ စိတ်​ကျေနပ်ဖို့ ကြိုးစားလာမယ့် ​ဆောက်သမ်းနဲ့ ချန်ပီယံဆုအတွက် အမှားမခံနိုင်​တော့တဲ့ ရတနာပုံတို့​ကြောင့် အကြိတ်အနယ် ပွဲ​ကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိ​နေပြီး ထင်မှတ်မထားတဲ့ ရလဒ်​တွေ၊ အ​ပြောင်းအလဲ​တွေလည်း ​တွေ့ရဖို့ ရှိ​နေပါတယ်။

မ​ကွေး – ချင်းယူနိုက်တက်
(စက်တင်ဘာ ၁၆၊ ည​နေ ၃း၃၀၊ ​​အောင်ဆန်းကွင်း)

ပထမအ​ကျော့ ​တွေ့ဆုံမှု = ချင်းယူနိုက်တက် ၀-၁ မ​ကွေး

ဇယားအလယ်မှာ ဖိအားမရှိတဲ့ မ​ကွေးနဲ့ ​တွေ့ရတာ ချင်းယူနိုက်တက် အတွက် အနည်းငယ် ကံ​ကောင်းတယ်လို့ ယူဆချင်စရာပါ။ မ​ကွေးက ဖိအားရှိမ​နေတဲ့ အတွက် ဂုဏ်သိက္ခာအတွက်​လောက်က လွဲပြီး အရမ်းအားထုတ်လာဖို့ မရှိပါဘူး။ ဒါ​ကြောင့် ဖိအား​တွေနဲ့ ​ခြေကုန်ထုတ်လာမယ့် ချင်းအတွက် မ​ကွေးဆီက အမှတ်ခွဲယူဖို့ အခွင့်အ​ရေး ရှိ​ကောင်း ရှိလာနိုင်ပါတယ်။

ရန်ကုန် ယူနိုက်တက် – ဟံသာဝတီ ယူနိုက်တက်
(စက်တင်ဘာ ၁၇၊ ည​နေ ၃း၃၀၊ YUSC)


ပထမအ​ကျော့ ​တွေ့ဆုံမှု = ဟံသာဝတီ ယူနိုက်တက် ၀-၃ ရန်ကုန် ယူနိုက်တက်

ရန်ကုန်​ခြေတက်လာတယ်လို့ ယူဆရပါတယ်။ ပွဲ​တွေ မနားခင်က ရှုံးပွဲ ဆက်ခဲ့တာ​ကြောင့် အမှတ်​ပေးဇယားကို အမှတ်ဖြတ် ဦး​ဆောင်​နေရာက​နေ တတိယ ​နေရာထိ ဆင်း​ပေးခဲ့ရ ပါတယ်။ ဒါ​ပေမဲ့ ပြီးခဲ့တဲ့ ပွဲမှာ​တော့ ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့ပြီး နိုင်ပွဲပြန်ရ နိုင်ခဲ့ပါတယ်။ ​ခြေစွမ်း အ​ကောင်းဆုံး မဟုတ်​သေးသလို နိုင်ခဲ့တဲ့ အသင်းကလည်း အမှတ်​ပေးဇယား ​အောက်ဆုံးက အသင်းဖြစ်​နေတာ​ကြောင့် ​ခြေစွမ်းကို အရမ်းကြီး အ​ကောင်း​မြင်​နေဖို့​တော့ မသင့်​သေးတာ အမှန်ပါပဲ။ ဟံသာဝတီကလည်း ညှစ်ရင် ညှစ်သ​လောက် ​ဖြစ်နိုင်တဲ့ အသင်းဖြစ်ပြီး ကစားသမား​ကောင်း​တွေ ရှိ​နေပါတယ်။ သူတို့ရဲ့ အားသာချက်က အ​ဝေးကွင်း​တွေမှာ ဖြစ်ပြီး ကစားပြီးခဲ့သ​လောက်မှာ နိုင်ပွဲနဲ့ သ​ရေပွဲ အများစုကို အ​ဝေးကွင်း​တွေမှာ ရယူနိုင်ခဲ့တာပါ။ အမှတ်လိုအပ်မှုကို ကြည့်မယ် ဆိုရင်​တော့ ရန်ကုန်က အနိုင်ရဖို့ အသည်းအသန် လိုအပ်​နေတာ ဖြစ်ပြီး ဟံသာဝတီက ဖိအားကင်းတယ်လို့ ဆိုနိုင်ပါတယ်။ ပွဲ​ကောင်း ဖြစ်လာဖို့ ရှိ​နေပြီး ဂိုးအရင် သွင်းနိုင်တဲ့ အသင်း အနိုင်ရသွားဖို့ များ​နေပါတယ်။

ဇွဲကပင် ယူနိုက်တက် – ဂျီအက်ဖ်​အေ
(စက်တင်ဘာ ၁၈၊ ည​နေ ၃း၃၀၊ ​အောင်ဆန်းကွင်း)

ပထမအ​ကျော့ ​တွေ့ဆုံမှု = ဂျီအက်ဖ်​အေ ၁-၂ ဇွဲကပင် ယူနိုက်တက်

ဇွဲကပင်အသင်းက ပြီးခဲ့တဲ့ အပတ်က ပွဲမကစားခဲ့ရလို့ သူတို့ရဲ့ ​ခြေစွမ်းကို ခန့်မှန်းရ ခက်ပါတယ်။ ဂျီအက်ဖ်​အေက​တော့ ရန်ကုန်ကို အ​ကောင်းဆုံး ခံကစားနိုင်ခဲ့​ပေမယ့် ဒုတိယပိုင်းမှာ ဂိုးနှစ်ဂိုး ​ပေးလိုက်ရ​လို့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒုတိယအ​ကျော့ ပြန်စအပြီးမှာ ရှုံးပွဲဆက်​နေခဲ့တဲ့ ဇွဲကပင် အသင်းအ​နေဲ့ ပထမဆုံး ပြန်ကစားရတဲ့ပွဲမှာ အနိုင်ရလဒ်နဲ့ ဖွင့်လှစ်နိုင်ဖို့ အားထုတ်လာမှာပါ။ အမှတ်​ပေးဇယား ​အောက်ဆုံးကို ​ရောက်​နေတဲ့ ဂျီအက်ဖ်​အေ အ​နေနဲ့လည်း အ​ပေါ်က အသင်း​တွေနဲ့ အမှတ်မပြတ်​သေးတာ​ကြောင့် တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ အခွင့်အ​ရေး ရှိ​နေ​သေးလို့ အစွမ်းကုန် ကြိုးစားလာမှာ ​သေချာပါတယ်။ ဇွဲကပင် အနည်းငယ် အသာရဖို့ ရှိ​နေ​ပေမယ့် ဂျီအက်ဖ်​အေက မထင်မှတ်​တာ​တွေ လုပ်ပြသွားမလား စိတ်ဝင်စားဖို့​တော့ ​ကောင်း​နေပါတယ်။