မြန်မာ​နေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် ကလပ်အသင်း တစ်သင်းဖြစ်သည့် ဖုန်ဂန်ကလပ်အသင်း၏ အုပ်ချုပ်သူ ဖြစ်သည့် ဦး​အောင်ခင်ကို ပွဲကြီးကြပ်အား မ​ခြေမငံ ​ပြောဆိုမှု​ကြောင့် မြန်မာနိုင်ငံ ​ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်း​ရေး ​ကော်မတီက လာမည့် ၂၀၁၈ ရာသီတွင် မြန်မာနိုင်ငံ ​ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှုးကျင်းပသည့် MNL ​ဘောလုံးပြိုင်ပွဲများနှင့် ပတ်သက်၍ မည်သည့်တာဝန်မှ ​ဆောင်ရွက်ခွင့် မပြူရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဦး​အောင်ခင်သည် ဇူလိုင် ၁၆ ရက်က ရန်ကုန်မြို့ Padonmar ကွင်းတွင် ကျင်းပခဲ့သည့် စီးတီးစတား အသင်းနှင့် ဖုန်ကန်အသင်းတို့၏ မြန်မာ​နေရှင်နယ်လိဂ်-၂ ပွဲစဉ်မှ အပြုအမူများအတွက် ယခုကဲ့သို့ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ဦး​အောင်ခင်သည် ပြီးခဲ့သည့် ၂၀၁၆ ​ဘောလုံးရာသီကလည်း ရာသီကုန်ထိ ပွဲပယ်သည့် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံခဲ့ရဖူးသည်။

အလားတူပင် ပွဲချိန်အတွင်း ပြိုင်ဘက်ကစားသမား အ​ပေါ် ဥပ​ဒေပ ကစားခဲ့သဖြင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်ကို မ​ကျေမနပ်ဖြစ်ကာ ကွင်းလယ်ဒိုင်အား ရန်ပြုရန် ကြိုးပမ်းခဲ့သည့် ဖုန်ဂန်အသင်းမှ ​ကျောနံပါတ် ၁၅ ထွန်းထွန်းလင်းကိုလည်း အနီးစပ်ဆုံး ၃ ပွဲ ပါဝင်ကစားခြင်း မပြုရန်နှင့် ဒဏ်​ငွေ ၃ သိန်း ​ပေး​ဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ထို့အပြင် ဖုန်ဂန်အသင်း လက်​ထောက်နည်းပြများ ဖြစ်ကြသည့် ဦးစိုးလွင်နှင့် ဂိုးနည်းပြ ဦးနိုင်ဝင်းတို့ နှစ်ဦးအား မြန်မာနိုင်ငံ​ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်း​ရေး ​ကော်မတီမှ ပြင်းထန်စွာ သတိ​ပေးမှု ပြုလုပ်ခဲ့ပြီး ဖုန်ဂန်အသင်းကိုလည်း ဒဏ်​ငွေအဖြစ် ​ငွေကျပ် ၁၀ သိန်း ​ပေး​ဆောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။