MNL II Max Cement 2017 အမှတ်ပေးဘောလုံးပြိုင်ပွဲ ရာသီပိတ် နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ၃နာရီ တွင် အောင်ဆန်းအားကစားကွင်း၌ ကျင်းပခဲ့ရာ ရာသီပိတ်နောက်ဆုံးပွဲစဉ်အဖြစ် ယခုရာသီတွင်ချန်ပီယံဖြစ်သွားခဲ့ပြီးသော City Yangon အသင်းနှင့် Mahar United အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်နှစ်ဂိုးစီသရေဖြင့်ပြီးဆုံးသွားခဲ့သည်။

ယင်းပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ တတိယဆုရရှိခဲ့သည့် မြဝတီအသင်းအား ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးဇော်မင်းသိန်း နှင့် ရှမ်းယူနိုက်တက်အသင်းဒုဥက္ကဋ္ဌ ဦးစောလုလုထော် တို့က တစ်ဦးချင်းကြေးတံဆိပ်ဆုများကို လည်ကောင်း၊ တတိယ ဆုကြေးငွေကျပ်သိန်းတ(၁၀၀)အား MAX CEMENT CO;Ltd မှ MD ဦးစောမြသောင်း က ချီးမြင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဒုတိယ ဆုရရှိခဲ့သည့် မဟာယူနိုက်တက်အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင် အမျိုးသမီးလိဂ်ကော်မတီဥက္ကဋ္ဌ ဦးလှဌေး က တစ်ဦးချင်းငွေတံဆိပ်များကိုလည်းကောင်း၊ဒုတိယဆုကြေးကျပ်သိန်း(၁၅၀)အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် က ပေးအပ်ချီးမြင့်ခဲ့သည်။

ချန်ပီယံအသင်းဖြစ်သော စီးတီးရန်ကုန်အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း က ချီးမြင့်ခဲ့ပြီး ပထမဆုငွေကျပ်သိန်း(၃၀၀) နှင့် ချန်ပီယံဆုဖလားအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော် က ပေးအပ်ချီးမြင့်ခဲ့သည်။ယနေ့အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အမှုဆောင် ဦးမိုးဆန်းအောင် နှင့် အမှုဆောင် အဖွဲ့ဝင်များ၊ MFF အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ၊မြန်မာနေရှင်နယ်လိဂ် အသင်းများမှအသင်းပိုင်ရှင်များနှင့်တာဝန်ရှိ သူများ၊မြန်မာနေ ရှင်နယ် လိဂ် အမှုဆောင်အရာရှိချုပ် နှင့် တာဝန်ရှိသူများ၊ရန်ကုန်အား/ကာသိပ္ပံကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊မြန်မာနေရှင်နယ် လိဂ်ကလပ် အသင်းများမှ တာဝန်ရှိသူများ၊မီဒီယာများ နှင့် ဘောလုံးပရိသတ်များတက်ရောက်ခဲ့ကြသည်။

ယခု ၂၀၁၇ ဘောလုံးရာသီတွင် MNL II MAX CEMENT 2017 အမှတ်ပေးပြိုင်ပွဲတွင်ချန်ပီယံဆုရရှိခဲ့သော စီးတီးရန်ကုန်အသင်း နှင့် ဒုတိယရရှိခဲ့သည့် မဟာယူနိုက်တက်အသင်းတို့မှာ လာမည့် ၂၀၁၈ MNL LEAGUE ပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။