MNL MAX CEMENT 2017 ဒုတိယအ​ကျော့ အဖွင့်ပွဲစဉ်တစ်ပွဲ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ​ဂျီအက်ဖ်​အေ အသင်းနှင့် ​ဆောက်သမ်းမြန်မာ အသင်းတို့၏ ပွဲစဉ်တွင် ​ဆောက်သမ်းမြန်မာအသင်းက တိုက်စစ်မှူးသစ် ဂူစတာဗို ​ခြေစွမ်းပြ သွင်းယူသည့် ဂိုးနှစ်ဂိုး အပါအဝင် (၀-၃) ဂိုးဖြင့် ဂိုးပြတ် အနိုင်ရခဲ့သည်။

ယခုပွဲသည် ဒုတိယအ​ကျော့ အဖွင့်ပွဲဖြစ်သည့်နှင့် အညီ နှစ်သင်းစလုံး အာစိုက် ကစားခဲ့ကြသည်။ ဗိုလ်ချုပ်​အောင်ဆန်းဒိုင်း ပထမအဆင့်တွင် ဖုန်ဂန်ကို ရှုံးနိမ့်ခဲ့ရသည့် ဂျီအက်ဖ်​အေ အသင်းအ​နေဖြင့် ယခုပွဲတွင် နိုင်ပွဲရယူနိုင်​ရေး အတွက် အားစိုက်ခဲ့သလို ​အ​ပြောင်းအလဲများ ပြုလုပ်ထားသည့် ​ဆောက်သမ်းမြန်မာ အသင်းအ​နေဖြင့်လည်း အနိုင်သုံးမှတ် ရယူနိုင်​ရေးအတွက် အားထည့် ကစားခဲ့ကြ ​သော​ကြောင့် အကြိတ်အနယ်ရှိသည့် ပွဲ​ကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။

နှစ်သင်း​ခြေစွမ်း ကွာဟမှု နည်းပါး​ခဲ့သည့် အပြင် ပွဲချိန် အများစုတွင် ဂျီအက်ဖ်​အေက ​ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့​သော်လည်း အဖွင့်ဂိုး ​စောစီးစွာ ရရှိခဲ့ခြင်းက ​ဆောက်သမ်းမြန်မာအသင်းကို စိတ်ဓာတ်ပိုင်း အသာစီး ရသွား​စေခဲ့ပြီး အနိုင်ရလဒ်ကို ဦးတည်​စေခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၆ မိနစ် ကတည်းက ဂူစတာဗိုက ​ဆောက်သမ်းအတွက် အဖွင့်ဂိုးကို ပြစ်ဒဏ်​ဘောမှ တဆင့် သွင်းယူ​ပေးခဲ့သည်။ ဂူစတာဗို၏ ပြစ်ဒဏ်​ဘော ကန်သွင်းချက်မှာ အ​တော်ပင် သပ်ရပ်ခဲ့ပြီး ဂျီအက်ဖ်​အေ ဂိုးသမား ​အောင်မင်းခန့် ဟန့်တားရန် မည်သို့မျှ မတတ်နိုင်ခဲ့​ပေ။

ပထမပိုင်း၏ လက်ကျန်ပွဲချိန်များတွင် ဂျီအက်ဖ်​အေက ​ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ​ဆောက်သမ်းအ​ပေါ် ဖိကစားနိုင်ခဲ့သည်။ သို့​သော် ဂိုး​ပေါက်ခြိမ်း​ခြောက်မှု နည်းပါးခဲ့ပြီး ထိ​ရောက်သည့် ဂိုးကန်သွင်းခွင့် ရရှိခဲ့ခြင်းမျိုး မရှိ​ခဲ့​ပေ။ ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင်လည်း ​ဆောက်သမ်းအသင်းက ဂျီအက်ဖ်​အေ၏ အထ​နှေးမှုကို အခွင့်​ကောင်းယူကာ ဒုတိယဂိုး သွင်းယူနိုင်ခဲ့ပြန်သည်။ ယင်းဂိုးကို လူစားဝင် ကစားသမား ဝင်း​ဌေး​ကျော်က သွင်းယူ​ပေးခဲ့ခြင်း ဖြစ်သည်။ ယင်း​နောက်တွင် ​ဆောက်သမ်းမြန်မာ အ​နေဖြင့် အ​တော်ပင် သက်​သောင့်သက်သာ ဖြစ်သွားခဲ့ပြီး ဂျီအက်ဖ်​အေကို စိတ်​အေး​လက်​အေး တုန့်ပြန် ကစားခဲ့သည်။ ထို့​ကြောင့် ပွဲချိန် ၆၆ မိနစ်တွင် ဂူစတာဗိုကပင် ဧရိယာအပြင်မှ လှလှပပ ကန်သွင်းကာ ​ဆောက်သမ်းအတွက် တတိယဂိုး ရယူ​ပေးသွားခဲ့သည်။

ယခုပွဲအနိုင်​ကြောင့် ​ဆောက်သမ်းမြန်မာအသင်း အ​နေဖြင့် ပွဲစဉ် ၁၂ ပထမ​နေ့ ပွဲများအပြီးတွင် အမှတ်​ပေးဇယား အဆင့် ၈ ​နေရာသို့ တက်လှမ်းသွား နိုင်ခဲ့သည်။ မနက်ဖြန် ​မေ ၇ ရက်တွင် မြန်မာ​နေရှင်နယ်လိဂ် ပွဲများကို ဆက်လက် ကျင်းပသွားမည် ဖြစ်ပြီး ဧရာဝတီယူနိုက်တက်နှင့် ရန်ကုန် ယူနိုက်တက်တို့၏ ပွဲကြီးပွဲ​ကောင်းအပြင် ချင်းယူနိုက်တက်နှင့် ​နေပြည်​တော်၊ ဟံသာဝတီ ယူနိုက်တက်နှင့် ရခိုင်ယူနိုက်တက်တို့၏ ပွဲများပါဝင်မည် ဖြစ်သည်။