၆-၅-၂၀၁၇   ရှမ်းယူနိုက်တက်  –  ဇွဲကပင်     ညနေ (၃း၃၀)  တောင်ကြီး

ဒုတိယအကျော့အတွက် ရှမ်းယူနိုက်တက်အသင်းက အသင်းမှာ ရှိနေတဲ့ ကိုရီးယားကစားသမားနေရာမှာ နောက်ထပ်ပိုကောင်းတဲ့ ကိုရီး ယား ကစားသမားတစ်ယောက်ကို လဲလှယ်ခဲ့ပါတယ်။ အလားတူပဲ ဇွဲကပင်အသင်းကလဲ အသင်းမှာ ကစားခဲ့ဖူးတဲ့ ကွင်းလယ်လူဟောင်း ကမ်ကို ပြန်လည်ခေါ်ယူထားတာ တွေ့ရပါတယ်။ ဒီနှစ်သင်းရဲ့ ပထမအကျော့ တွေ့ဆုံခဲ့တုန်းက ဇွဲကပင်အသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါ တယ်။ ဒီတစ်ကြိမ် တောင်ကြီးကွင်းမှာတော့ အိမ်ရှင်ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ရှုံးကြွေး ပြန်ဆပ်နိုင်မလား..ဒါမှမဟုတ် ရှမ်း ယူနိုက် တက်အသင်းနဲ့တွေ့တိုင်း ရလဒ်ကောင်းတွေ ရလေ့ရှိတဲ့ ဇွဲကပင်အသင်းကပဲ ထပ်ပြီး ရလဒ်ကောင်းနိုင်မလား..စိတ်ဝင်စားဖို့ ကောင်းပါ တယ်။

၆-၅-၂၀၁၇   GFA  –  ဆောက်သမ်း     ညနေ (၄း၀၀)  အောင်ဆန်း  Live

GFA အသင်းက လိဂ်ပထမအကျော့ နောက်ဆုံးပွဲစဉ်မှာ မကွေးအသင်းကို အနိုင်ရခဲ့လို့ တန်းဆင်းဇုန်ထဲကနေ အဆင့် ၈ နေရာထိ ခုန်တက် သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် GFA အသင်းက နောက်ဆုံးကစားထားတဲ့ General Aung San Shield ပြိုင်ပွဲမှာ MNL-II ကလပ် ဖုန်ဂန်အသင်းကို ရှုံးခဲ့လို့ ရှုံးထွက်ပထမအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ ပထမအကျော့အပြီးမှာ ရလဒ်မကောင်းဖြစ်နေတဲ့ ဆောက်သမ်းအသင်းက ဒုတိယအကျော့အတွက် ရှမ်းယူနိုက်တက်တိုက်စစ်မှူးဟောင်း ဂူစတာဗိုကို ဘရာဇီးကစားသမား ပရာဒိုနဲ့ အစားထိုးထားတာ တွေ့ရပါတယ်။ ဂူစတာဗိုက မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရှိတဲ့ ကစားသမားဖြစ်လို့ သူ့ရဲ့ ခြေစွမ်းကို GFA အသင်းနဲ့ပွဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ ပထမအကျော့တွေ့ဆုံမှု ဆောက်သမ်းအိမ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။

၇-၅-၂၀၁၇   ချင်းယူနိုက်တက်  –   နေပြည်တော်    ညနေ (၄း၀၀)  သုဝဏ္ဏ

ချင်းယူနိုက်တက်အသင်းက အမှတ်ပေးဇယား အောက်ဆုံး အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး နေပြည်တော်အသင်းက အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် ဒီနှစ်သင်းရဲ့ ရမှတ်ကွာဟချက်က နှစ်မှတ်ပဲ ကွာခြားပါတယ်။ ဒုတိယအကျော့မှာ တန်းဆင်း ဇုန်ထဲက ထွက်နိုင်ဖို့အတွက် ချင်းအသင်းက ရန်ကုန်လူငယ်ကစားသမား သီဟထက်အောင်၊ ဇွဲ ကပင်နောက်ခံလူ ဥာဏလွင်တို့ ကို ခေါ်ထားတာ တွေ့ရပါတယ်။ နေပြည်တော်အသင်းက နောက်ဆုံးကစားထားတာ General Aung San Shield ပြိုင်ပွဲမှာ MNL-II ကလပ် ဒဂုံအက်ဖ်စီအသင်းကိုပင်နယ်တီအဆုံးအဖြတ်ထိ ကစားပြီးမှ နိုင်ခဲ့လို့ အသင်းခြေစွမ်းအပေါ် ပရိသတ်တွေ မေးခွန်းထုတ် စရာဖြစ်ခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ ပထမအကျော့တွေ့ဆုံမှု နေပြည်တော်အိမ်ကွင်းမှာ အိမ်ရှင်နေပြည်တော်အသင်းက ၃-၂ ဂိုးနဲ့ နိုင်ထား ပါတယ်။ ဒီတစ်ကြိမ်မှာလဲ နှစ်သင်းပေါင်း အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ သွင်းဂိုးများပြီး ပရိသတ်တွေ အကြိုက်တွေ့နိုင်မယ့်
ပွဲကောင်းတစ်ပွဲပါပဲ။

၇-၅-၂၀၁၇   ဧရာဝတီ   –  ရန်ကုန်   ညနေ (၃း၃၀)  ပုသိမ်

ပထမအကျော့ပြီးခါနီးမှာ ရလဒ်တွေ တောက်လျှောက်ပြန်ကောင်းပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာထိ ပြန်လည်တက်လာနိုင်တဲ့ ဧရာဝတီအသင်းရဲ့ ခြေစွမ်းက စိတ်ဝင်စားစရာပါပဲ။ ဒါ့အပြင် ပြင်သစ်နိုင်ငံသား တိုက်စစ်မှူးနဲ့ ကိတ်တို့ကလဲ အသင်းမှာ တစ်ပွဲထက် တစ်ပွဲ ပိုပြီး ခြေစွမ်းပြလာတာ တွေ့ရပါတယ်။ ဧရာဝတီအိမ်ကွင်းမှာ ဧည့်သည်အဖြစ် လာကစားမယ့် ရန်ကုန်ယူနိုက်တက်အသင်းကလဲ ပထမအကျော့ ၁၁ ပွဲကစားပြီးချိန်ထိ ရှုံးပွဲ မရှိသေးတဲ့ အသင်းဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ ပထမအကျော့ တွေ့ဆုံမှု YUSC ကွင်းမှာ
ရန်ကုန်အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ အိမ်ရှင် ဧရာဝတီတို့ ရှုံးပွဲ မရှိသေးတဲ့ ရန်ကုန်အသင်းကို ရှုံးကြွေး ပြန်ဆပ်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

၇-၅-၂၀၁၇   ဟံသာဝတီ   –  ရခိုင်ယူနိုက်တက်   (ညနေ ၃း၃၀)  တောင်ငူ  Live

ပထမအကျော့ ၁၁ ပွဲကစားအပြီး နိုင်ပွဲ တစ်ပွဲပဲ ရထားတဲ့ ဟံသာဝတီအသင်းအနေနဲ့ ဒုတိယအကျော့မှာ တန်းဆင်းဇုန်ကနေ ရုန်း ထွက်နိုင်အောင် ကြိုးစားမှာ သေချာပါတယ်။ အလားတူပဲတောင်ငူကွင်းမှာ ဧည့်သည်အဖြစ် လာကစားမယ့် ရခိုင်ယူနိုက်တက်အသင်း ကလဲ အိမ်ကွင်း၊ အဝေးကွင်းမရွေး အသင်းလိုက်စုဖွဲ့မှုကောင်းကောင်း ကစားပြနိုင်တဲ့အသင်းပါ။ ဒီနှစ်သင်းရဲ့ ပထမကျော့ တွေ့ဆုံမှု ဝေသာလီကွင်းမှာ ဂိုးမရှိ သရေထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာ ရခိုင်ယူနိုက်တက်အသင်းက အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ဟံသာဝတီက တန်းဆင်းဇုန် အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။ ဒါကြောင့် ဟံသာဝတီအသင်းက ရခိုင်ယူနိုက်တက်အသင်းထက် ပိုပြီး အမှတ်လိုနေပါတယ်။ အိမ်ရှင်ဟံသာဝတီတို့ လိုနေတဲ့အမှတ်ကိုရခိုင်ယူနိုက်တက်အသင်းဆီက လွယ်လွယ်ရနိုင်ပါ့မလား..စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ်။

၈-၅-၂၀၁၇   ရတနာပုံ   –   မကွေး   (ညနေ ၄း၀၀) မန္တလာသီရိ   Live

ဒီနှစ်မှာ AFC Cup ၀င်ပြိုင်ထားကြတဲ့ အသင်းနှစ်သင်းဖြစ်ပြီး နှစ်သင်းစလုံးကလဲ အုပ်စုအဆင့်ကနေ ထွက်ခဲ့ကြရပါတယ်။ ဒါကြောင့် နှစ်သင်းစလုံးအနေနဲ့ လိဂ်ကို ပိုပြီး အားပြန် စိုက်လာမယ့် အနေအထားမှာ ရှိနေပါတယ်။ လက်ရှိချန်ပီယံ ရတနာပုံအသင်းအနေနဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ဆိုရင် ဒုတိယအကျော့ပွဲတိုင်းကို အမှားခံလို့ မရတဲ့ အနေအထား မျိုးဖြစ်နေပါတယ်။ မကွေးအသင်းကလဲ အသင်းနဲ့ လမ်းခွဲခဲ့တဲ့ တိုက်စစ်မှူး ဆီလာရဲ့ နေရာမှာ နောက်ထပ်တိုက်စစ်မှူးတစ်ဦး ရှာဖွေနေတုန်းပဲဖြစ်လို့ ရတနာပုံအသင်းနဲ့ပွဲ အမီ ပါဝင်နိုင်ဖို့ မသေချာတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဒီနှစ်သင်းရဲ့ ပထမအကျော့ တွေ့ဆုံမှုမှာ ရတနာပုံအသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရထားပါတယ်။ နှစ်သင်းစလုံးက အမှတ်လိုနေတဲ့အသင်းတွေဖြစ်လို့ ပွဲက အကြိတ်အနယ်ရှိမှာ သေချာပါတယ်။

2017 MNL MAX CEMENT (week-12) ပွဲစဉ်များ
—————————————————
၆-၅-၂၀၁၇   ရှမ်းယူနိုက်တက်  –  ဇွဲကပင်     ညနေ (၃း၃၀)  တောင်ကြီး
၆-၅-၂၀၁၇   GFA  –  ဆောက်သမ်း     ညနေ (၄း၀၀)  အောင်ဆန်း  Live
၇-၅-၂၀၁၇   ချင်းယူနိုက်တက်  –   နေပြည်တော်    ညနေ (၄း၀၀)  သုဝဏ္ဏ
၇-၅-၂၀၁၇   ဧရာဝတီ   –  ရန်ကုန်   ညနေ (၃း၃၀)  ပုသိမ်
၇-၅-၂၀၁၇   ဟံသာဝတီ   –  ရခိုင်ယူနိုက်တက်   (ညနေ ၃း၃၀)  တောင်ငူ  Live
၈-၅-၂၀၁၇   ရတနာပုံ   –   မကွေး   (ညနေ ၄း၀၀) မန္တလာသီရိ   Live