နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် ရှုံးထွက်​ဘောလုံးပြိုင်ပွဲ တစ်ရပ်ဖြစ်သည့် General Aung San Shield 2017 ​ဘောလုံးပြိုင်ပွဲကို လာမည့် ​မေလ ၂ ရက်နေ့ တွင် စတင်ကျင်းပသွား​မည် ဖြစ်​သည်။ General Aung San Shield ​ဘောလုံးပြိုင်ပွဲကို အ​စောပိုင်းနှစ်များက ရှုံးထွက်ပြိုင်ပွဲအမည် အမျိုးမျိုးဖြင့် ကျင်းပခဲ့ပြီး General Aung San Shield အမည်ဖြင့် ကျင်းပခြင်းမှာ ယခုနှစ်တွင် သုံးနှစ်ပြည့်​မြောက်မည် ဖြစ်သည်။

အာရှအဆင့် ပြိုင်ပွဲတစ်ရပ် ဖြစ်သည့် AFC Cup ပြိုင်ပွဲသို့ ဝင်ခွင့်တစ်ခုလည်း ဖြစ်သည့် အဆိုပါ ပြိုင်ပွဲသို့ မြန်မာ​နေရှင်နယ်လိဂ်နှင့် မြန်မာ​နေရှင်နယ်လိဂ်-၂ (M2) ပြိုင်ပွဲဝင် ကလပ်အသင်းအားလုံး ဝင်​ရောက်ယှဉ်ပြိုင် နိုင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲ ပွဲစဉ်များကို မြဝတီ ရုပ်မြင်သံကြားမှ LIVE ပြသသွားရန် သ​ဘောတူညီမှု ရရှိထားပြီ ဖြစ်သည်။

General Aung San Shield 2017 ​ဘောလုံးပြိုင်ပွဲကို ကာကွယ်​ရေး ဝန်ကြီးဌာနမှ အဓိက ပံ့ပိုးမည် ဖြစ်ကာ Myanmar (MBL) မှလည်း Official Main Sponsor အဖြစ် ​အ​မေရိကန်​ဒေါ်လာ ၈၀၀၀၀ ပံ့ပိုး​ပေးသွားမည် ဖြစ်သည်။ ထို့အပြင် AYA Bank နှင့် other sponsor များမှလည်း Co-sponsor များအဖြစ် ပါဝင်သွားမည်ပံ့ပိုးသွားမည် ဖြစ်သည်။

General Aung San Shield 2017 ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၊ ​အောင်ဆန်းကွင်း၊ Padonmar ကွင်းများ၌ ကျင်းပမည်ဖြစ်ကာ ပွဲစဉ်ဇယား ​ရေးဆွဲ​ပွဲကို ဧပြီလ​နှောင်းပိုင်းတွင် ကျင်းပသွားမည် ဖြစ်သည်။ General Aung San Shield ပြိုင်ပွဲကို ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင် ကျင်းပခဲ့ပြီး ၂၀၁၅ တွင် ဧရာဝတီ ယူနိုက်တက်၊ ၂၀၁၆ တွင် မ​ကွေးအသင်းတို့ ချန်ပီယံအဖြစ် ​အောင်ပွဲခံနိုင်ခဲ့သည်။