ယ​နေ့ ည​နေပိုင်းက ကျင်းပခဲ့သည့် မြန်မာ​နေရှင်နယ်လိဂ် ပွဲစဉ် ၁၀ ၏ ပွဲကြီးပွဲ​ကောင်း တစ်ပွဲဖြစ်သည့် ရန်ကုန် ယူနိုက်တက်နှင့် ရတနာပုံတို့၏ ပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက်က ​နောက်ဆုံးမိနစ် သွင်းဂိုးဖြင့် ရတနာပုံကို အနိုင်ယူကာ ရာသီဝက် ပြီးဆုံးရန် တစ်ပွဲ အလိုမှာပင် ရာသီဝက် ချန်ပီယံဖြစ်ရန် ​သေချာ သွားခဲ့ပြီ ဖြစ်သည်။

ယခုပွဲတွင် ရန်ကုန်၌ ရာသီအစပိုင်း ကတည်းက ​နေရာရလာခဲ့သည့် လူငယ် ကွင်းလယ်လူ ​ကျော်ထူး ပါဝင်နိုင်ခြင်း မရှိခဲ့ဘဲ ရန်​အောင်​ကျော်၊ ​ဒေးဗစ်ထန် ကွင်းလယ် အတွဲဖြင့် ရတနာပုံကို ရင်ဆိုင်ခဲ့သည်။ သို့​သော် အဆိုပါ ကွင်းလယ်အတွဲ၌ အားနည်းမှုများ ရှိခဲ့​သော​ကြောင့် ရန်ကုန် အ​နေဖြင့် ပထမပိုင်း ပွဲချိန် အ​တော်များများတွင် ရတနာပုံ၏ ဦး​ဆောင်ကစားမှုကို ခံခဲ့ရပြီး ဦး​ဆောင်ဂိုးကိုလည်း ခွင့်ပြုခဲ့ရသည်။ ရတနာပုံကမူ အသင်း​ခေါင်း​ဆောင် ​ရန်ပိုင် ပါဝင်နိုင်ခြင်း မရှိခဲ့​သော်လည်း ကစားပုံ ပျက်ခဲ့ခြင်း မရှိဘဲ စည်သူ​အောင်၊ မျိုးကိုထွန်း၊ ရဲကိုဦး၊ ရဲရင့်ထွန်း၊ လှိုင်းဘိုဘို၊ ​အောင်သူ တို့၏ တွဲလုံးများဖြင့် ရန်ကုန်ကို ဒုက္ခ​ပေး နိုင်ခဲ့သည်။ ရတနာပုံ အတွက် ဦး​ဆောင်ဂိုးကို ပွဲချိန် ၄၅ မိနစ် အ​ရောက်တွင် မျိုးကိုထွန်းနှင့် ​အောင်သူတို့ ပူး​ပေါင်း ဖန်တီး​ပေးသည်မှ စည်သူ​အောင်က သွင်းယူ ​ပေးခဲ့ခြင်း ဖြစ်သည်။

ဒုတိယပိုင်း စတင်ချိန်တွင် ရန်ကုန်က နည်းဗျူဟာပိုင်း အ​ပြောင်းအလဲ ပြုလုပ်ပြီး ရတနာပုံကို ရင်ဆိုင်ခဲ့သည်။ ခင်​မောင်လွင်နှင့် မင်း​ကျော်ခန့်တို့၏ ဘယ်ခြမ်း တစ်​ခြမ်းလုံးကို ဇွန်မိုး​အောင်၊ ရန်လင်း​အောင်တို့ဖြင့် လူစားလဲကာ ရတနာပုံ ကွင်းလယ်ကို ယှဉ်ကစားရန် ကြိုးပမ်းခဲ့သည်။ ရန်ကုန်၏ အားထုတ်မှု ​အောင်မြင်ခဲ့ပြီး ရတနာပုံကို ကွင်းလယ်ပိုင်း ယှဉ်ကစား လာနိုင်ခဲ့သည်။

ရန်ကုန်အတွက် အဖိုးတန် ​ချေပဂိုးကို ပွဲချိန် ၇၄ မိနစ်တွင် ဇွန်မိုး​အောင်က အနီးကပ် ​ခေါင်းတိုက်ကာ သွင်းယူ​ပေးနိုင်ခဲ့သည်။ ​ကျော်ကိုကို၏ ဖြတ်တင်​ဘောမှ သွင်းယူ​ပေး နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်း​နောက်တွင် ရန်ကုန် ယူနိုက်တက်က တိုက်စစ်ပိုင်းကို ပိုမိုဦးစား​ပေး ကစားလာခဲ့ပြီး ရတနာပုံက ​ဇော်ရဲထွန်း၊ ​ကျော်သက်ဦးတို့ကို ထည့်သွင်းကာ ခံစစ်ကို အားပြုပြီး သ​ရေတစ်မှတ် ထိန်းကစားရန် ကြိုးစားခဲ့သည်။ သို့​သော် ရတနာပုံ၏ အားထုတ်မှု မ​အောင်မြင်ခဲ့ဘဲ နာကျင်အချိန်ပို ​နောက်ဆုံးမိနစ် အ​ရောက်တွင် ရန်ကုန် ယူနိုက်တက်က အဖိုးတန် အနိုင်ဂိုး သွင်းယူသွားနိုင် ခဲ့သည်။ ယင်းဂိုးကို ​ကျော်ကိုကို ကန်တင်​ပေးသည့် ပြစ်ဒဏ်​ဘောမှ ခံစစ်ကစားသမား ​ဇော်မင်းထွန်းက ​ခေါင်းတိုက် သွင်းယူ ​ပေးခဲ့ခြင်း ဖြစ်သည်။

ယခုပွဲ အနိုင်​ကြောင့် ရန်ကုန် ယူနိုက်တက် အ​နေဖြင့် ရတနာပုံကို ၇ မှတ်ထိ ဖြတ်ထားနိုင်ခဲ့သည်။ ရတနာပုံ အ​နေဖြင့် ယခုပွဲ အရှုံး​ကြောင့် ဒုတိယ​နေရာကို ​ဆောက်သမ်းအား အနိုင်ရခဲ့သည့် ရှမ်းယူနိုက်တက်ထံ လွှဲ​ပေးခဲ့ရပြီး တတိယ​နေရာသို့ ဆင်း​ပေးခဲ့ရသည်။ ရန်ကုန် အ​နေဖြင့် ဒုတိယ​နေရာမှ ရှမ်းယူနိုက်တက်ထက် ၆ မှတ် အသာရ​နေသည် ဖြစ်ရာ လက်ကျန် တစ်ပွဲသာ လိုအပ်ချိန်တွင် ရာသီဝက် ချန်ပီယံ အဖြစ် ​အောင်ပွဲခံနိုင်ရန် ​သေချာ သွားခဲ့ပြီ ဖြစ်သည်။

တစ်ပြိုင်နက်တည်း ကစားခဲ့သည့် ပွဲစဉ်များတွင် ​နေပြည်​တော်၌ ကျင်းပခဲ့သည့် ​နေပြည်​တော် အသင်းနှင့် ဂျီအက်ဖ်​အေ အသင်းတို့၏ ပွဲစဉ်၌ တစ်ဘက် (၂) ဂိုးစီဖြင့် သ​ရေရလဒ် ထွက်​ပေါ်ခဲ့သည်။ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှ မ​ကွေးနှင့် ဇွဲကပင်တို့၏ ပွဲတွင် မ​ကွေးက (၄-၀) ဂိုးဖြင့် ဂိုးပြတ် အနိုင်ရခဲ့သည်။ ရှမ်းပြည်နယ် ​တောင်ကြီးမြို့မှ ​ရှမ်းယူနိုက်တက်နှင့် ​ဆောက်သမ်း မြန်မာ ပွဲတွင် ရှမ်းယူနိုက်တက်က (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ​နေရှင်နယ်လိဂ် ပွဲစဉ် (၁၀) ပွဲစဉ်များကို မနက်ဖြန် ဧပြီ ၂ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ ရခိုင်ယူနိုက်တက်နှင့် ချင်းယူနိုက်တက် တို့၏ ပွဲကို ​ဝေသာလီကွင်းတွင် ည​နေ ၄း၀၀ နာရီ၌ လည်း​ကောင်း၊ ဟံသာဝတီ ယူနိုက်တက်နှင့် ဧရာဝတီ ယူနိုက်တက် တို့၏ ပွဲကို ​တောင်ငူမြို့ရှိ မိုင်ဒါကွင်းတွင် ည​နေ ၄း၀၀ နာရီ၌ လည်း​ကောင်း ကျင်းပသွားမည် ဖြစ်သည်။