ယ​နေ့ ည​နေက ကျင်းပခဲ့သည့် ၂၀၁၇ မြန်မာ​နေရှင်နယ်လိဂ် ​ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၉ ၏ ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဇွဲကပင် ယူနိုက်တက်နှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်က ဇွဲကပင်ကို အသည်းအသန် ကစားကာ (၁-၂) ဂိုးဖြင့် အနိုင်ရပြီး အနိုင်သုံးမှတ် ရယူနိုင်ခဲ့သည်။ အဆိုပါ အနိုင်ရလဒ်​ကြောင့် ရန်ကုန် ယူနိုက်တက် အ​နေဖြင့် အမှတ်​ပေးဇယား ထိပ်ဆုံးတွင် ဆက်လက် ရပ်တည် နိုင်ခဲ့သည်။

ရန်ကုန်ယူနိုက်တက် အ​နေဖြင့် ယခုပွဲတွင် အနိုင်ရခဲ့ ​သော်လည်း အလွယ်တကူ အနိုင်ရခဲ့ခြင်း မဟုတ်ပဲ အနိုင်သုံးမှတ် အတွက် အထူးပင် ရုန်းကန် ခဲ့ရသည်။ ပထမပိုင်း ပွဲချိန်များတွင် ရန်ကုန်က သိသိသာသာ အသာစီး ရခဲ့​သော်လည်း ဒုတိယပိုင်း ပွဲချိန်များတွင် ဇွဲကပင်၏ လွှမ်းမိုးမှုကို အသည်းအသန် တုန့်ပြန် ခဲ့ရကာ သ​ရေကျလုနီးနီး အ​ခြေအ​နေများနှင့် ကြုံ​တွေ့ခဲ့ရပြီး ဇွဲကပင် တိုက်စစ်ပိုင်း အဆုံးသတ် အားနည်း ​သော​ကြေင့်သာ ​သ​ရေမကျ ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်အတွက် ပွဲချိန် ၁၁ မိနစ်တွင် အီမာဆင်၊ ပထမပိုင်း နာကျင် အချိန်ပိုတွင် အီမီကာ တို့က ဂိုးများ သွင်းယူ​ပေးကာ ပွဲကို သက်​သောင့်သက်သာ ဦး​ဆောင် ​စေခဲ့သည်။ သို့​သော် ကွင်းလယ်လူ ရန်လင်း​အောင် အစား လူငယ် ခံစစ် ကစားသမား ပြည့်ဖြိုး​ဇော် လူစားဝင်လာ ခဲ့ပြီးသည့် ​နောက်တွင် ရန်ကုန် ကွင်းလယ်က ဇွဲကပင်၏ လွှမ်းမိုးမှု ​အောက်သို့ ​ရောက်သွားခဲ့သည်။ ရန်လင်း​အောင်ကို ပထမပိုင်း ၄၅ မိနစ် ကတည်းက လူစားလဲခဲ့ခြင်း ဖြစ်ပြီး လစ်လပ်သွားသည့် ကွင်းလယ်ကို ခံစစ်ကစားသမား မွန်ကီးက တက်ကစားခဲ့သည်။ သို့​သော် မွန်ကီး ​ခြေစွမ်းမပြနိုင် ​သော​ကြောင့် ရန်ကုန်​ခြေစွမ်း ကျသွားခဲ့ပြီး ဇွဲကပင်၏ တိုက်စစ်ဆင်မှုကို အလူးအလဲ ခုခံခဲ့ရသည်။ ဇွဲကပင် အသင်းအ​နေဖြင့် ဂိုးသွင်းခွင့် သုံးကြိမ်ခန့် ရခဲ့​သော်လည်း အဆုံးသတ် မ​သေချာခြင်း၊ ရန်ကုန်ခံစစ်နှင့် ဂိုးသမားတို့ အစွမ်းပြ ကာကွယ် နိုင်ခဲ့ခြင်း တို့​ကြောင့် ပွဲချိန် ၅၇ မိနစ်တွင် ခိုင်ထူး သွင်းယူ​ပေးသည့် ဂိုးတစ်ဂိုး တည်းဖြင့်သာ ​ကျေနပ်ခဲ့ရပြီး ပွဲအပြီးတွင် အရှုံးရလဒ်ကိုသာ လက်ခံခဲ့ရသည်။

၂၀၁၇ မြန်မာ​နေရှင်နယ်လိဂ် ပြိုင်ပွဲ ပွဲစဉ် ၉ ၏ ​နောက်ဆုံးပွဲစဉ် ဖြစ်သည့် ရတနာပုံ အသင်းနှင့် ဟံသာဝတီ အသင်းတို့၏ ပွဲစဉ်ကို လာမည့် မတ် ၁၄ ရက်တွင် မန္တ​လေးမြို့ရှိ မန္တလာသီရိကွင်းတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။