၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week 9) ပွဲစဉ်တစ်ပွဲအဖြစ် မတ် ၁၂ ရက်(ယနေ့) ညနေ ၃:၃၀ က ပုသိမ် ကျောက်တိုင်ကွင်းတွင် ဧရာဝတီအသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အိမ်ရှင်ဧရာဝတီအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဧရာဝတီအသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ပွဲစဉ် ပထမပိုင်းတွင် နှစ်သင်းစလုံးမှ အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြသော်လည်း ပွဲချိန် မိနစ် ၄၀ ကျော်သည်အထိ ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပေ။ သို့သော် ပွဲချိန် ၄၃ မိနစ်တွင် အိမ်ရှင်ဧရာဝတီအသင်း၏ ဦးဆောင်ဂိုးကို တိုက်စစ်မှူး သီဟဇော်က သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ပထမပိုင်း ပွဲပြီးဆုံးချိန်တွင် ဧရာဝတီယူနိုက်တက်အသင်းက ဧည့်သည်အသင်းကို ၁-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ရာတွင်လည်း ဧရာဝတီယူနိုက်တက်အသင်းမှပင် ကစားပုံပိုမိုကောင်းမွန်လာပြီး ချင်းယူနိုက်တက် အသင်းကစားပုံသည် ပုံစံကောင်းမရရှိခဲ့ပေ။ ပွဲချိန် ၇၅ မိနစ်တွင် ဧရာဝတီယူနိုက်တက်အသင်းမှ ဒုတိယဦးဆောင်ဂိုး ထပ်မံရခဲ့ပြီး အဆိုပါဂိုးကို တိုက်စစ်မှူးဆီဘတ်စတိန်းက တစ်ကိုယ်တော်စွမ်းရည်ဖြင့် နောက်ခံလူနှင့် ဂိုးသမားကို ဖြတ်ကျော်ကာ သွင်းယူခဲ့ခြင်းဖြစ် သည်။ ချင်းယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုး နှစ်ဂိုး ခွင့်ပြုခဲ့ရ သော်လည်းအသင်းကစားပုံ ပိုမိုကောင်းမွန်လာခြင်း မရှိဘဲ ဘောလုံးအပျက်များခဲ့သည်။ မိနစ် ၉၀ ပြီးဆုံးချိန်တွင် နှစ်သင်းစလုံးမှ ထပ်မံ ဂိုးမသွင်းနိုင်ခဲ့သဖြင့် အိမ်ရှင်ဧရာဝတီ ယူနိုက်တက်အသင်းက ချင်းယူနိုက်တက်အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် နောက်ဆုံးကစားထားသည့် သုံးပွဲတွင် နေပြည်တော်၊ ဆောနေပြည်တော်၊ ဆောက်သမ်း၊ ချင်းယူနိုက်တက်အသင်းတို့ကို အနိုင်ရကာ သုံးပွဲဆက် နိုင်ပွဲ ဆက်ခဲ့ခြင်းဖြစ်သည်။