2017 AFC Cup ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအက်ဖ်စီအသင်းသည် AFC Cup အုပ်စု(H)၏ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဗီယက်နမ်ကလပ် သန်ကွမ်နင်အသင်းနှင့် အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။
ရတနာပုံအသင်းသည် 2017 AFC Cup ဘောလုံးပြိုင်ပွဲ အုပ်စု(H)တွင် ဗီယက်နမ်ကလပ် သန်ကွမ်နင်အသင်း၊ စင်ကာပူကလပ် ဟုမ်းယူနိုက်တက် အသင်းတို့နှင့် တစ်အုပ်စုထဲ ကျရောက်နေ သည်။ ရတနာပုံအက်ဖ်စီအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က ဟုမ်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။ သန်ကွမ်နင် အသင်းသည် အုပ်စုပွဲစဉ် ကစားထားရခြင်းမရှိ သေးဘဲ ရတနာနာပုံအသင်းနှင့် ပွဲဦးထွက် ရင်ဆိုင်ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ရတနာပုံအက်ဖ်စီအသင်းသည် ဗီယက်နမ်ကလပ်အသင်းနှင့် ကစားရန် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေသည်။ သန်ကွမ်နင်အသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်ကို မတ် ၈ ရက်(ယနေ့) ဗီယက်နမ် မိုင်ဒင်း အားကစားကွင်းတွင် မြန်မာစံတော်ချိန် ညနေ ၅း၃၀ တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ရတနာပုံအက်ဖ်စီအသင်းသည် မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲ၌ အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး သန်ကွမ်နင်အသင်းသည် ဗီယက်နမ် ဗီလိဂ်တွင် အဆင့် ၇ နေရာ၌ ရပ်တည်နေသည်။