၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် (၂) အမှတ်ပေးဘောလုံးပြိုင်ပွဲ week 8 ပွဲစဉ်တစ်ပွဲအဖြစ် မတ် ၇ ရက်(ယနေ့) ညနေ ၄း၀၀ နာရီက အောင်ဆန်းကွင်းတွင် ဖုန်ဂန်အက်ဖ်စီအသင်းနှင့် စီးတီးစတားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဖုန်ဂန်အက်ဖ်စီအသင်းက ၂-၀ ဂိုြး ဖင့် အနိုင်ရခဲ့သည်။
စီးတီးစတားအသင်းသည် ပွဲသည်နှင့်တစ်ပြိုက်နက် ဦးဆောင်ဂိုးစတင်ရရှိရန် တိုက်စစ်ဦးစားပေးကစားခဲ့သော်လည်း ပွဲချိန် ၃ မိနစ်တွင် ဖုန်ဂန်  အသင်းမှပင် ဦးဆောင်ဂိုးစတင်ရခဲ့သည်။ ဖုန်ဂန်အသင်းအတွက် ဦးဆောင်ဂိုးကို ထွန်းလင်းလင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးနောက် စီးတီးစတားအသင်းသည် ချေပဂိုးရရှိရန် ပြန်လည်ကြိုးစားခဲ့သော်လည်း ဖုန်ဂန်အသင်း၏ နောက်ခံလူများကို ဖြတ်ကျော်နိုင်ခြင်းမရှိဘဲ ပထမပိုင်းအပြီးတွင် ဖုန်ဂန်အသင်းက ၁-၀ ဂိုးဖြင့် ပွဲကို ဦးဆောင်ခဲ့သည်။
ဒုတိယ ပိုင်းတွင် စီးတီးစတားအသင်းမှ ချေပဂိုးရရန် ကြိုးပမ်းခဲ့ပြီး ဖုန်ဂန်အသင်းမှလည်း ချေပဂိုး မပေးရရန် ကြိုးစားခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် ၇၃ မိနစ်တွင်တွင် ဖုန်ဂန်အသင်းမှ ဒုတိယဦးဆောင်ဂိုး ထပ်မံရရှိသွားခဲ့သည်။ ဖုန်ဂန်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို Hpung Seng က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဖုန်ဂန်အသင်းသည် စီးတီးစတားအသင်းကို အနိုင်ရရှိခဲ့သဖြင့် ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် နိုင်ပွဲ လေး
ပွဲအထိ စွမ်းဆောင်ထားနိုင်ခဲ့ပြီး ရမှတ် ၁၂ ရရှိလာပြီဖြစ်သည်။