၎-၃-၂၀၁၇        ရန်ကုန်ယူနိုက်တက် – ရှမ်းယူနိုက်တက်        ညနေ ၃း၃၀     (YUSC)

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေအနက် ဒီတစ်ပတ်မှာတော့ ပုံမှန်ထက်ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပွဲကောင်းတစ်ပွဲရှိနေပါတယ်။ ဒီပွဲကတော့ အမှတ်ပေးဇယား ထိပ်ဆုံးက ရန်ကုန်ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်အသင်းတို့ ပွဲပါပဲ။ ရန်ကုန်အသင်းက နောက်ဆုံး ကစားထားတဲ့ သုံးပွဲမှာ ရဂိုး ရှစ်ဂိုး ထိ ရထားပြီး ပေးဂိုးက တစ်ဂိုးပဲ ရှိပါတယ်။ အလားတူပဲ ရှမ်း ယူနိုက်တက်အသင်းကလဲ နောက်ဆုံးကစားထားတဲ့သုံးပွဲမှာ ရဂိုးငါးဂိုးရထားပြီး ပေးဂိုး တစ်ဂိုးပဲ ပေးထားရပါတယ်။ ဒီနှစ်သင်းရဲ့ မနှစ်က တွေ့ဆုံမှုကို ကြည့်ရင် ပထမအကျော့ တောင်ကြီးကွင်းမှာ တစ်ဂိုးစီ သရေကျခဲ့ပြီး ဒုတိယအကျော့ YUSC ကွင်းမှာ ရှမ်းယူနိုက် တက်အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့မနှစ်က အိမ်ကွင်းမှာ ရှုံးထားတဲ့ ရှုံးကြွေးပြန်ဆပ်နိုင်မလား..ဒါမှမဟုတ် ရှမ်းယူနိုက်တက်အသင်းကပဲ YUSC ကွင်းမှာ ရထားဖူးတဲ့ စံချိန်ကောင်းကိုဆက်ထိန်း သွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

 

၎-၃-၂၀၁၇      နေပြည်တော် – ရခိုင်ယူနိုက်တက်      ညနေ ၃း၃၀     ( ဝဏ္ဏသိဒ္ဓိ )

နေပြည်တော်အသင်း နောက်ဆုံးကစားထားတဲ့ လေးပွဲမှာ လေးပွဲ စလုံး ရှုံးထားပြီး ရမှတ်က လေးမှတ်ပဲ ရရှိထားသေးလို့ အမှတ်ပေး ဇယား အောက်ဆုံးမှာ ရပ်တည်နေရပါတယ်။အဆင့် ၆ နေရာက ရခိုင်ယူနိုက်တက်အသင်းက ခုနစ်ပွဲကစားပြီးချိန်ထိ ရှုံးပွဲ တစ်ပွဲပဲ ရှိသေးတဲ့အပြင် အသင်းစုဖွဲ့မှုနဲ့ကစားအားက နေပြည်တော်အသင်းထက် ပိုကောင်းတာ တွေ့ရပါတယ်။ ဒါပေမယ့် ရခိုင်ယူနိုက်တက် အသင်းက ပြီးခဲ့တဲ့တစ်ပတ် တောင်ကြီးကွင်းမှာ ရှမ်းနဲ့ ကစားထားပြီး အခု နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိကွင်းမှာ နေပြည်တော်အသင်းနဲ့ အဝေးကွင်းထပ်ကစားရမှာဖြစ်လို့ အနည်းငယ်ပွဲပန်းနိုင်ပါတယ်။ ပွဲပန်းလာနိုင်ဖွယ် ရှိနေတဲ့ ရခိုင်ယူနိုက်တက်အသင်းကို အိမ်ရှင်နေပြည်တော်အသင်း ဘယ်လို ရင်ဆိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

 

၎-၃-၂၀၁၇    မကွေး – ဟံသာဝတီ       ညနေ ၄း၀၀     (သုဝဏ္ဏ)

ပြီးခဲ့တဲ့တစ်ပတ်မှာ ချင်းယူနိုက်တက်အသင်းကို အနိုင်ကစားခဲ့တဲ့ မကွေးအသင်းရဲ့ ခြေစွမ်းက ချီးကျူးစရာပါပဲ။ ချင်းယူနိုက်တက်နဲ့ မကွေး အသင်း နဲ့ပွဲမှာဆိုရင် မကွေးအသင်းတိုက်စစ်မှူးဆီလာရဲ့ရုန်းအားကလဲ တော်တော်အားရဖို့ ကောင်းတာတွေ့ရပါတယ်။ မကွေးအသင်းနဲ့ ကစားမယ့် ဟံသာဝတီအသင်းက ပြီးခဲ့တဲ့တစ်ပတ်မှာ ရန်ကုန်ယူနိုက်တက်အသင်းကို ရှုံးခဲ့ပြီး ခုနစ်ပွဲကစားပြီးမှာ တစ်ပွဲနိုင်၊ သုံးပွဲ သရေ၊ သုံးပွဲရှုံး ရမှတ် ခြောက်မှတ်နဲ့ အဆင့်၈ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် မကွေးအသင်းနဲ့ ပွဲမှာ ဟံသာဝတီအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး မာစီယို ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်သင်းရဲ့ မနှစ်က တွေ့ဆုံမှုကို ကြည့်ရင် ပထမ အကျော့မှာ မကွေးအသင်းက ၂-၁ ဂိုးနဲ့ နိုင်ခဲ့ပြီး ဒုတိယအကျော့ တောင်ငူကွင်းမှာလဲ မကွေးအသင်းကပဲ ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

 

၎-၃-၂၀၁၇      ဇွဲကပင် – ချင်းယူနိုက်တက်       ညနေ ၄း၀၀      (အောင်ဆန်း)

အမှတ်ပေးဇယား ထိပ်ဆုံးက ရန်ကုန်၊ ရှမ်းယူနိုက်တက်အသင်းတို့ပြီးရင် ဇွဲကပင်အသင်းက ခြေစွမ်းပိုင် အတည်ငြိမ်ဆုံး အသင်းထဲမှာ ပါနေပါတယ်။ဘာလို့လဲဆိုတော့ ဇွဲကပင်အသင်းက ရှမ်းယူနိုက်တက်လိုအသင်းကြီးကို အနိုင်ကစားနိုင်ခဲ့သလို အမှတ်ယူသင့် ယူထိုက် တဲ့ပွဲတွေမှာလဲ အမှတ်ရအောင် ယူထားနိုင်တာ တွေ့ရပါတယ်။ ဇွဲကပင်အသင်းနဲ့ ကစားမယ့် ချင်းယူနိုက်တက်အသင်းက ခုနစ်ပွဲ ကစားပြီးမှာ တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ ငါးပွဲရှုံးထားပြီး တန်းဆင်းဇုန် အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ချင်းယူနိုက် တက်အသင်း နောက်ဆုံးကစားထားတဲ့ သုံးပွဲမှာလဲ ပေးဂိုး ငါးဂိုးအထိ ပေးထားရပြီး ရဂိုးက နှစ်ဂိုးပဲ ရထားပါတယ်။

 

၎-၃-၂၀၁၇      ရတနာပုံ – GFA FC         ညနေ ၄း၀၀      (မန္တလာသီရိ)

ရတနာပုံအသင်းက ပြီးခဲ့တဲ့တစ်ပတ်မှာ ဆောက်သမ်းကို အနိုင်ရခဲ့ပေမယ့် ကစားပုံသိပ်အကောင်းကြီး မတွေ့ရပါဘူး။ ဒါ့အပြင် အမှတ်ပေးဇယား အဆင့်၁ နေရာက ရန်ကုန်အသင်းနဲ့ ရမှတ်လေးမှတ် ကွာဟနေပါတယ်။ ရတနာပုံအသင်းနဲ့ ကစားမယ့် GFA အသင်းက ဒီနှစ် တန်းတက်လာတဲ့အသင်းတွေထဲမှာ အမာဆုံးအသင်းတစ်သင်းဖြစ်ပေမယ့်လဲ အဆုံးသတ် ဂိုးသွင်းပေမယ့် ကစား သမားချင်း ယှဉ်ပြိုင်လိုက်ရင် ရတနာပုံအသင်းက တစ်ပန်းသာနေပါတယ်။ ဇယားထိပ်က ရန်ကုန်နဲ့ ရှမ်းတို့ ထိပ်တိုက်တွေ့ဆုံနေတာကို ရတနာပုံအသင်းအနေနဲ့ အခွင့်အရေး အပြည့်အ၀ ယူနိုင်မလားဆိုတာကိုပဲ စောင့်ကြည့်ရပါမယ်။

 

၅-၃-၂၀၁၇    ဆောက်သမ်း – ဧရာဝတီယူနိုက်တက်     ညနေ ၄း၀၀     (မော်လမြိုင်)

ဆောက်သမ်းအသင်းက မော်လမြိုင် အိမ်ကွင်းမှာ အိမ်ကွင်းပွဲစဉ် နှစ်ပွဲကစားထားပြီး GFA ကို သရေ၊ ဟံသာဝတီကို အနိုင်ကစားထား တာတွေ့ရပါတယ်။ ဒါကြောင့် ဆောက်သမ်းအသင်းအနေနဲ့ မော်လမြိုင် အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးဘူးလို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ် အိမ်ကွင်းမှာနေပြည်တော်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဧရာဝတီယူနိုက်တက်အသင်းရဲ့ သွင်းဂိုးတွေကိုကြည့်ရင် အသင်း ကစားကွက်ပုံစံကနေပဲ ဂိုးတွေရခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသင်းလိုက်ကစားပုံ ပြန်လည်ကောင်းမွန်လာပြီလို့ ထင်ရတဲ့ ဧရာဝတီ ယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ အိမ်ရှင်ဆောက်သမ်းအသင်းကို ဘယ်လို ရင်ဆိုင်လာမလဲဆိုတာ စိတ်ဝင်စား စရာပါပဲ။

 

2017 MNL-I (week 8) ပွဲစဉ်များ
———————————-
၎-၃-၂၀၁၇      ရန်ကုန်ယူနိုက်တက် – ရှမ်းယူနိုက်တက်       ညနေ ၃း၃၀    (YUSC)        Live
၎-၃-၂၀၁၇       နေပြည်တော် – ရခိုင်ယူနိုက်တက်               ညနေ ၃း၃၀    ( ဝဏ္ဏသိဒ္ဓိ )
၎-၃-၂၀၁၇       မကွေး – ဟံသာဝတီ                                    ညနေ ၄း၀၀    (သုဝဏ္ဏ)
၎-၃-၂၀၁၇       ဇွဲကပင် – ချင်းယူနိုက်တက်                          ညနေ ၄း၀၀     (အောင်ဆန်း)
၎-၃-၂၀၁၇        ရတနာပုံ – GFA FC                                  ညနေ ၄း၀၀    (မန္တလာသီရိ)
၅-၃-၂၀၁၇         ဆောက်သမ်း – ဧရာဝတီယူနိုက်တက်        ညနေ ၄း၀၀    (မော်လမြိုင်)      Live