၂၅-၂-၂၀၁၇  ရှမ်းယူနိုက်တက်  –  ရခိုင်ယူနိုက်တက်   ညနေ ၃း၃၀   (တောင်ကြီး)

ရှမ်းယူနိုက်တက်အသင်းရဲ့ လက်ရှိခြေစွမ်းက ခြေငြိမ်နေပြီး ရလဒ်ပိုင်းမှာလဲ ယူသင့်ယူထိုက်တဲ့ အမှတ်တွေ ယူထားနိုင်တာ တွေ့ရ ပါတယ်။ ဒါ့အပြင် ရှမ်းယူနိုက်တက်အသင်း တိုက်စစ်မှူး ခရစ္စတိုဖာကလဲ ရှမ်းယူနိုက်တက်အသင်း နောက်ဆုံးကစားထားတဲ့ သုံးပွဲမှာ သုံးပွဲစလုံး ဂိုးသွင်းပေးထားနိုင်ပါတယ်။ တောင်ကြီးကွင်းမှာ ဧည့်သည်အဖြစ် လာကစားမယ့် ရခိုင်ယူနိုက်တက်အသင်း ကလဲ ခြောက်ပွဲကစားပြီးချိန်ထိ ရှုံးပွဲ လုံးဝမရှိသေးသလို အသင်းလိုက်ကစားအား ကောင်းတဲ့ အသင်းတစ်သင်းပါ။ အိမ်ရှင်ရှမ်းယူနိုက် တက်တို့ အိမ်ကွင်းပရိသတ် ရှေ့မှာ ရခိုင်ယူနိုက်တက်အသင်းရဲ့ ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်နိုင်ပါ့မလားဆိုတာ ..စိတ်ဝင်စားစရာပါပဲ။

၂၅-၂-၂၀၁၇   ဟံသာဝတီ   –  ရန်ကုန်ယူနိုက်တက်   ညနေ ၃း၃၀  (တောင်ငူ)

ဟံသာဝတီအသင်းက ရာသီအစပိုင်းပွဲစဉ်တွေမှာ ကစားပုံကောင်းခဲ့ပေမယ့်လဲ ကံမကောင်းခြင်းတွေကြောင့် နိုင်ပွဲတွေနဲ့ ဝေးခဲ့ရပါ တယ်။ ဒါပေမယ် ပြီးခဲ့တဲ့တစ်ပတ်မှာတော့ ချင်းယူနိုက်တက်အသင်းကို အနိုင်ကစားခဲ့ပြီး ပထမဆုံးနိုင်ပွဲကို စတင် ရယူခဲ့ပါ တယ်။ တောင်ငူကွင်းမှာ ဧည့်သည်အဖြစ် လာကစားမယ့် ရန်ကုန်ယူနိုက် တက်အသင်းက ခြောက်ပွဲကစားပြီးချိန်ထိ ရှုံးပွဲမရှိသေးတဲ့ အပြင် နောက်ဆုံးကစားထားတဲ့ လေးပွဲမှာ သွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် ဂိုးသွင်းထားနိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် ရန်ကုန်အသင်း တိုက်စစ်မှူး အီမာကာကလဲ ခြောက်ပွဲ ကစားပြီးအသင်းအတွက် ခြောက်ဂိုးသွင်းယူပေးထားနိုင်တာ တွေ့ရပါတယ်။ ပူပူနွေးနွေး နိုင်ပွဲ စတင်ရရှိ ထားတဲ့ အိမ်ရှင်ဟံသာဝတီတို့ အိမ်ကွင်းပရိသတ်ရှေ့မှာ ရန်ကုန်အသင်းရဲ့ နိုင်ပွဲဆက်နေတာ ရပ်တန့်နိုင်ပါ့ မလား..စိတ်ဝင် စားဖို့ ကောင်းနေပါပြီ။

၂၆-၂-၂၀၁၇   ဧရာဝတီ  –  နေပြည်တော်   ညနေ ၃း၃၀  (ပုသိမ်)

ဧရာဝတီအသင်းက ဒီနှစ်မှာ ရလဒ်ဆိုးရွားနေတဲ့အပြင် ငါးပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီး အဆင့် ၉ နေရာမှာ ရပ်တည်နေရပါတယ်။ အလားတူပဲ နေပြည်တော်အသင်းကလဲ ခြောက်ပွဲကစားပြီးမှာ နိုင်ပွဲ တစ်ပွဲပဲရထားပြီး တစ်ပွဲ သရေ၊ လေးပွဲရှုံးထားပါတယ်။ အိမ်ရှင်ပရိသတ်အား သာချက်ရှိနေတဲ့ ဧရာဝတီယူနိုက်တက်အသင်းအနေနဲ့ နေပြည်တော်ကို အနိုင်ကစားပြီး အိမ်ရှင် ဒုတိယမြောက် နိုင်ပွဲ ယူနိုင်မလား..ဒါ မှမဟုတ်အသင်းလိုက်ကစားပုံကောင်းတဲ့ ဧည့်သည်နေပြည်တော်အသင်းကပဲ မထင်မှတ် တာမျိုးတွေ လုပ်ပြနိုင်မလားဆိုတာ မကြာခင်သိရှိရ တော့မှပါ။

week 6

၂၆-၂-၂၀၁၇   ချင်းယူနိုက်တက်   –  မကွေး     ညနေ  ၄း၀၀   (အောင်ဆန်း)

ပြီးခဲ့တဲ့တစ်ပတ်မှာ ချင်းယူနိုက်တက်အသင်းက ဟံသာဝတီအသင်းကို ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် ချင်းအသင်း ကစားပုံကောင်းသလို ဂိုး
ရရှိမယ့် အခွင့်အရေးအများအပြားရခဲ့တာလဲ တွေ့ရပါတယ်။ ဖိလစ်ပိုင်မှာ AFC Cup သွားကစားထားတဲ့ မကွေးအသင်းက လေးရက် အကြာမှာ ချင်းယူနိုက်တက်အသင်းနဲ့ ထပ်မံကစားရမှာဖြစ်လို့ အနည်းငယ် ပွဲပန်းလာနိုင်ပါတယ်။ ဒီနှစ်သင်းရဲ့ မနှစ်က ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရင် ပထမအကျော့မှာ ချင်းယူနိုက်တက်အသင်းက ၂-၁ ဂိုးနဲ့ နိုင်ခဲ့ပြီး ဒုတိယအကျော့မှာတော့ မကွေးအသင်းက ၃-၀ ဂိုးနဲ့ ပြန် နိုင်ခဲ့ပါတယ်။

၂၆-၂-၂၀၁၇   ရတနာပုံ  –   ဆောက်သမ်း    ညနေ ၄း၀၀   (မန္တလာသီရိ)

ရတနာပုံအသင်းက နောက်ဆုံးကစားထားတဲ့ လိဂ်ပွဲမှာ ရခိုင်ယူနိုက်တက်အသင်းကို အမှတ်ခွဲပေးခဲ့ရလို့ အဆင့် ၃ နေရာကို ဆင်းပေး ခဲ့ရပါတယ်။ ဒါ့အပြင် အမှတ်ပေးဇယား အဆင့် ၁ နေရာက ရန်ကုန်အသင်းနဲ့ ရမှတ်လေးမှတ် ကွာဟသွားခဲ့ပါတယ်။ ရတနာပုံအသင်းနဲ့ ကစားမယ့်ဆောက်သမ်းအသင်းက ပြီးခဲ့တဲ့တစ်ပတ်မှာ ပွဲရွှေ့ထားလို့ ရတနာပုံနဲ့ပွဲကို အင်ပြည့်အားပြည့် ကစားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ရတနာပုံအသင်းကတော့ AFC Cup ကစားပြီး လေးရက်အကြာမှာ ဆောက်သမ်းနဲ့ ထပ်ကစားရမှာဖြစ်လို့ အနည်းငယ် ပွဲပန်းလာနိုင်ပါတယ်။ ဒီနှစ်သင်းရဲ့ မနှစ်က တွေ့ဆုံမှုကို ကြည့်ရင် ပထမအကျော့မှာ ရတနာပုံအသင်းက ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့သလို ဒုတိယအကျော့မှာလဲ ရတနာပုံ အသင်းကပဲ၅-၁ ဂိုးနဲ့ အနိုင်ရထားတာ တွေ့ရပါတယ်။

၂၆-၂-၂၀၁၇    GFA   –   ဇွဲကပင်    ညနေ  ၄း၀၀    (သုဝဏ္ဏ)

အဆင့် ၄ နေရာက ဇွဲကပင်အသင်းနဲ့ အဆင့် ၈ နေရာက GFA အသင်းတို့ တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။ GFA အသင်းက ပြီးခဲ့တဲ့တစ်ပတ် မှာ
ရန်ကုန် ကို ရှုံးနိမ့်ခဲ့ပေမယ့် ပထမပိုင်းတစ်ပိုင်းလုံး ရန်ကုန်အသင်းကို ဂိုးမပေးရအောင် ကျစ်ကျစ်လျစ်လျစ် ကစားနိုင်ခဲ့အသင်းတစ် သင်းပါ။ဇွဲကပင်အသင်းက နောက်ဆုံးကစားထားတဲ့ပွဲမှာ နေပြည်တော်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရထားတဲ့အပြင် မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရင့် ကလဒ်ဖို့ဒ်၊ ဒိုနယ်ဘစ်ဆာတို့လို ကစားသမားကောင်းတွေ ရှိနေပါတယ်။ ကစားပုံမာကျောတဲ့ GFA အသင်းနဲ့ ဒီနှစ်မှာ ပုံစံကောင်းရနေတဲ့ ဇွဲကပင်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကလဲ ပွဲကောင်းတစ်ပွဲဖြစ်လာမှာ သေချာပါတယ်။

2017 MNL-I  (week 7) ပွဲစဉ်များ
———————————-
၂၅-၂-၂၀၁၇  ရှမ်းယူနိုက်တက်  –  ရခိုင်ယူနိုက်တက်   ညနေ ၃း၃၀   (တောင်ကြီး)
၂၅-၂-၂၀၁၇   ဟံသာဝတီ   –  ရန်ကုန်ယူနိုက်တက်   ညနေ ၃း၃၀  (တောင်ငူ)  Live
၂၆-၂-၂၀၁၇   ဧရာဝတီ  –  နေပြည်တော်   ညနေ ၃း၃၀  (ပုသိမ်)
၂၆-၂-၂၀၁၇   ချင်းယူနိုက်တက်   –  မကွေး     ညနေ  ၄း၀၀   (အောင်ဆန်း)   Live
၂၆-၂-၂၀၁၇   ရတနာပုံ  –   ဆောက်သမ်း    ညနေ ၄း၀၀   (မန္တလာသီရိ)
၂၆-၂-၂၀၁၇    GFA   –   ဇွဲကပင်    ညနေ  ၄း၀၀    (သုဝဏ္ဏ)