၁၀-၃-၂၀၁၇ မကွေး – ရှမ်းယူနိုက်တက် ညနေ ၄း၀၀ (သုဝဏ္ဏ) Live မကွေးအသင်းက ဂျိုဟိုးအသင်းနဲ့ AFC Cup ကစားပြီး နှစ်ရက်အကြာမှာ ရှမ်းယူနိုက်တက်အသင်းနဲ့ ကစားရမှာဖြစ်လို့ ပွဲပန်း နိုင်ဖွယ်ရှိပါတယ်။ အလားတူပဲ ရှမ်းယူနိုက်တက်အသင်းကလဲ ပြီးခဲ့တဲ့တစ်ပတ်မှာ ရန်ကုန်ကို ရှုံးထားလို့ အနည်းငယ်တိမ်းစောင်းသွားတဲ့ ချန်ပီယံလမ်းကြောင်းပေါ်ကို ပြန်လည်တက်ရောက်နိုင်ဖို့ဆိုရင် ဒီပွဲမှာ ရလဒ်ကောင်းမှ ဖြစ်မှာပါ။ မကွေးအသင်းမှာ အားထားရတဲ့ တိုက်စစ်မှူး ဆယ်လာရှိနေပြီး မလေးရှားကလပ် ဂျိုဟိုး အသင်းနဲ့ပွဲမှာလဲ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။ အလားတူပဲ ရှမ်းယူနိုက်တက်အသင်းမှာလဲ ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှူး ခရစ္စတိုဖာရှိနေပါတယ်။ ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့နှစ်က ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ရင် ပထမအကျော့မှာ တစ်ဂိုးစီ သရေကျခဲ့ပြီး ဒုတိယ အကျော့ တောင်ကြီးကွင်းမှာလဲ 

Continue Reading

2017 AFC Cup ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအက်ဖ်စီအသင်းသည် AFC Cup အုပ်စု(H)၏ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဗီယက်နမ်ကလပ် သန်ကွမ်နင်အသင်းနှင့် အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။ ရတနာပုံအသင်းသည် 2017 AFC Cup ဘောလုံးပြိုင်ပွဲ အုပ်စု(H)တွင် ဗီယက်နမ်ကလပ် သန်ကွမ်နင်အသင်း၊ စင်ကာပူကလပ် ဟုမ်းယူနိုက်တက် အသင်းတို့နှင့် တစ်အုပ်စုထဲ ကျရောက်နေ သည်။ ရတနာပုံအက်ဖ်စီအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က ဟုမ်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။ သန်ကွမ်နင် အသင်းသည် အုပ်စုပွဲစဉ် ကစားထားရခြင်းမရှိ သေးဘဲ ရတနာနာပုံအသင်းနှင့် ပွဲဦးထွက် ရင်ဆိုင်ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ရတနာပုံအက်ဖ်စီအသင်းသည် ဗီယက်နမ်ကလပ်အသင်းနှင့် ကစားရန် ဗီယက်နမ်နိုင်ငံသို့ 

Continue Reading

၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် (၂) အမှတ်ပေးဘောလုံးပြိုင်ပွဲ week 8 ပွဲစဉ်တစ်ပွဲအဖြစ် မတ် ၇ ရက်(ယနေ့) ညနေ ၄း၀၀ နာရီက အောင်ဆန်းကွင်းတွင် ဖုန်ဂန်အက်ဖ်စီအသင်းနှင့် စီးတီးစတားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဖုန်ဂန်အက်ဖ်စီအသင်းက ၂-၀ ဂိုြး ဖင့် အနိုင်ရခဲ့သည်။ စီးတီးစတားအသင်းသည် ပွဲသည်နှင့်တစ်ပြိုက်နက် ဦးဆောင်ဂိုးစတင်ရရှိရန် တိုက်စစ်ဦးစားပေးကစားခဲ့သော်လည်း ပွဲချိန် ၃ မိနစ်တွင် ဖုန်ဂန်  အသင်းမှပင် ဦးဆောင်ဂိုးစတင်ရခဲ့သည်။ ဖုန်ဂန်အသင်းအတွက် ဦးဆောင်ဂိုးကို ထွန်းလင်းလင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးနောက် စီးတီးစတားအသင်းသည် ချေပဂိုးရရှိရန် ပြန်လည်ကြိုးစားခဲ့သော်လည်း ဖုန်ဂန်အသင်း၏ နောက်ခံလူများကို ဖြတ်ကျော်နိုင်ခြင်းမရှိဘဲ ပထမပိုင်းအပြီးတွင် ဖုန်ဂန်အသင်းက ၁-၀ ဂိုးဖြင့် ပွဲကို ဦးဆောင်ခဲ့သည်။ ဒုတိယ ပိုင်းတွင် စီးတီးစတားအသင်းမှ ချေပဂိုးရရန် ကြိုးပမ်းခဲ့ပြီး 

Continue Reading

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးချန်ပီယံ ရတနာပုံအသင်းသည် ၂၀၁၇ အာရှချန်ပီယံလိဂ် ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် ထိုင်း ကလပ် ဆူခွန်ထိုင်းအသင်းနှင့် ဇန်န၀ါရီ ၃၁ ရက်(ယနေ့) မြန်မာ စံတော်ချိန် ညနေ ၆း၃၀ တွင် ထိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ ရတနာပုံအသင်းသည် ပြီးခဲ့သည့် အမှတ်ပေးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သဖြင့် အာရှချန်ပီယံလိဂ် ဒုတိယအဆင့် ခြေစစ်ပွဲမှ ၀င်ရောက်ကစားခွင့်ရရှိခဲ့သည်။ ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဆူခွန်ထိုင်းအသင်းသည် ပြီးခဲ့သည့် ၂၀၁၆ ထိုင်းအက်ဖ်အေ ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့ သည့်အပြင် ၂၀၁၆ ထိုင်းပရီးမီးယားလိဂ်တွင် အဆင့် ၇ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ ရတနာပုံ အသင်းသည် ၂၀၁၇ အာရှချန်ပီယံလိဂ် ဒုတိယအဆင့်တွင် ဆူခွန်ထိုင်းအသင်းကို ဖြတ်ကျော်နိုင်ပါ က ခြေစစ်ပွဲ ရှုံးထွက်အဆင့်သို့ ဆက်လက်ကစားရမည်ဖြစ်ပြီး 

Continue Reading