General Aung San Shield 2017 ရှုံးထွက်ဘောလုံးပြိုင်ပွဲ မဲနှိုက်ရေးဆွဲပွဲ အခမ်းအနားကို ဧပြီ ၂၄ ရက် မွန်းလွဲ ၂း၀၀ နာရီက မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီးပထမအဆင့်တွင် ဖုန်ဂန်နှင့် GFA ၊ မြ၀တီနှင့်စီးတီးရန်ကုန်၊ နေပြည်တော်နှင့်ဒဂုံအက်ဖ်စီစသည့် အသင်းများ ထိပ်တိုက်တွေ့ဆုံခဲ့သည်။ မဲနှိုက်ရေးဆွဲပွဲအခမ်းအနားသို့  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အမှုဆောင် ဦးမိုးဆန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနေရှင်နယ်လိဂ် ကော်မ၀တီဝင် ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးဇော်မင်းသိန်းနှင့် အသင်းပိုင်ရှင်/ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ MFF စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်၊ မြန်မာဘရူဝါရီလီမိတက်မှ National Marketing Director ဒေါ်မြစိမ်းရီ၊ ကလပ်အသင်းများမှ စီအီးအို/အထွေထွေမန်နေဂျာများ၊ 

Continue Reading

မကွေးအသင်း အနိုင်ရ ဗိုလ်စွဲသွားခဲ့သည့် General Aung San Shield 2016 ဗိုလ်လုပွဲမှ ကစားသမား မပီသသည့် အပြုအမူ အတွက် မကွေးအသင်း တိုက်စစ်မှူး ဆိုင်လာကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ၆ ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်သည်။ 

ယနေ့ ညနေပိုင်းက ကျင်းပခဲ့သည့် General Aung San Shield 2016 ရှုံးထွက် ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် မကွေးအသင်းက ရန်ကုန် ယူနိုက်တက်ကို (၁-၂) ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။ သို့ဖြစ်ရာ MFF Cup ရှုံးထွက်ပြိုင်ပွဲကို အသွင်ပြောင်း ကျင်းပခဲ့သည့် General Aung San Shield ပြိုင်ပွဲတွင် ဒုတိယမြောက် ဗိုလ်စွဲသည့်အသင်း ဖြစ်လာခဲ့ သလို ရှုံးထွက်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံအသင်းသစ် ပေါ်ထွက်ခဲ့ခြင်းလည်း ဖြစ်သည်။

General Aung Shield 2016 ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွင် မကွေးအသင်းက ဇွဲကပင်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော် လည်း နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးဖြင့် မကွေးအသင်းက ဗိုလ်လုပွဲ တက်နိုင်ခဲ့သည်။ ဇွဲကပင်အသင်းနှင့် မကွေးအသင်းတို့၏ ဒုတိယအကျော့ပွဲ ပထမပိုင်းတွင် ဇွဲကပင်အသင်းမှ တစ်သင်းလုံးနီးပါး ကွင်းအလယ်ဗဟိုထိ တက် ကစားခဲ့ပြီး မကွေးအသင်းသည် ဂိုးမပေးရရေးအတွက် အသည်းအသန် ကာကွယ်ဖြတ်ထုတ်ခဲ့ရသည်။ သို့သော် ဇွဲကပင်အသင်းသည် ပထမပြီးခါနီးတွင် ကစားပုံအားလျော့ခဲ့ပြီး အပျက်များခဲ့နေသည့် တိုက်စစ်မှူး အောင်မိုးကို စောစီးအယ်နှင့် လူစားလဲခဲ့သည်။ ပထမပိုင်း ပြီးဆုံးချိန်တွင် တစ်သင်းနှင့်တစ်သင်း ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်း ပြန်အစ ငါးမိနစ်အကြာတွင် မကွေးအသင်းမှ စတင် ဦးဆောင်ဂိုးရရှိခဲ့ပြီး မကွေးအတွက် 

Continue Reading

ယနေ့ သြဂုတ် ၁၀ ရက် ညနေပိုင်းက မန္တလေးမြို့ မန္တလာသီရိ ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ရတနာပုံ အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့၏ General Aung San Shield 2016 ရှုံးထွက် ဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက် အသင်းက ကွင်းလယ်လူ ရန်လင်းအောင် သွင်းယူသည့် နောက်ဆုံးမိနစ် သွင်းဂိုးဖြင့် ရတနာပုံကို အဝေးကွင်းတွင် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့သည်။

မြန်မာဘောလုံးလောက ရဲ့ သမိုင်းအစဉ်အလာ ကြီးမားတဲ့ ရှုံးထွက် ဆုဖလားတစ်ခုဖြစ်တဲ့ General Aung San Shield 2016 ဗိုလ်လုပွဲကို ဘယ်အသင်းတွေ တက်ရောက်ခွင့် ရမယ်ဆိုတာ လာမယ့် သြဂုတ်လ ၁၀ရက်နေ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေ အပြီးမှာ သိရတော့မှာပါ။ ———————————————————————— ရတနာပုံ – ရန်ကုန် (၁၀-၈-၂၀၁၆ – ညနေ ၄း၀၀ – မန္တလာသီရိ) သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တုန်းက ၁-၁ ဂိုး နဲ့သရေရလဒ်ထွက်ပေါ်ထားတာကြောင့် ရတနာပုံအသင်း အဝေးဂိုးရရှိထားတာကြောင့် လာမယ့်သြဂုတ်လ ၁ဝရက်နေ့ မန္တလာသီရိ အားကစားကွင်းမှာ ယှဉ်ပြိုင်မယ့် ဒုတိယအကျော့ပွဲစဉ်မှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်မှာပါ။ ရတနာပုံအသင်းဟာ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဖလားရရှိဖို့ သေချာနေတာကြောင့် ရန်ကုန်အသင်းအနေနဲ့ AFC Cup ဝင်ခွင့်ရဖို့အတွက် ဒီပြိုင်ပွဲကို အစွမ်းကုန် 

Continue Reading

General Aung San Shield 2016 ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲအဖြစ် ဇူလိုင် ၃၁ ရက်က၊ သုဝဏ္ဏကွင်းတွင် မကွေးအသင်းနှင့် ဇွဲကပင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မကွေးအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ဗိုလ်လုပွဲ တက်ရောက်နိုင်ရန် အခြေအနေကောင်းခဲ့ သည်။ မကွေးအသင်းနှင့် ဇွဲကပင်အသင်းတို့ ဆီမီး၊ ပထမအကျော့ပွဲစဉ်တွင် ပွဲစသည်နှင့်တစ်ပြိုင်နက် နှစ်သင်းစလုံးမှ လျင်လျင်မြန်မြန်နှင့် ဘော လုံးကို အချိတ်အဆက် မိမိ ကစားနိုင်ခဲ့သည်။ ပွဲချိန် ၁၆ မိနစ်တွင် မကွေးအသင်းမှ စတင် ဦးဆောင်ဂိုးရခဲ့ပြီး အဆိုပါဦးဆောင်ဂိုးကို ဆက်ဖြိုးဝေက ဇွဲကပင်ဂိုးသမား ကျော်ဇင်ထက်၏ ညာဘက် ထောင့်သို့ ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရသည့် ဇွဲကပင် အသင်းသည် ပွဲချိန် ၃၀ ၀န်းကျင်တွင် 

Continue Reading

မနက်ဖြန် ဆိုရင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတွေရဲ့ ပြည်ပပြိုင်ပွဲ ဝင်ခွင့်တစ်ခု ဖြစ်တဲ့ General Aung San Shield 2016 ရှုံးထွက် ဘောလုံးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်း ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲမှာ အဓိက အကျဆုံး ဆုဖလား နှစ်ခုအနက်က တစ်ခု ဖြစ်တာကြောင့် ဂုဏ်သိက္ခာပိုင်း၊ အောင်မြင်မှုပိုင်း တွေအရ အသင်းတိုင်း မက်မောကြတဲ့ ဆုဖလား တစ်ခု ဖြစ်သလို ဒီပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်တဲ့အသင်းက မြန်မာ ကလပ်အသင်း တွေရဲ့ အာရှ ခွဲတမ်း နှစ်နေရာ အနက်က တစ်နေရာကို ရရှိမှာ ဖြစ်တာကြောင့် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ်တွေ ဖြစ်လာမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ။

General Aung San Shield 2016 ဆီမီးဖိုင်နယ် ပထမအကျော့နှင့် ဒုတိယအကျော့ ပွဲစဉ်များထွက်ပေါ်လာပြီး ပထမအကျော့ပွဲစဉ်များကို ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။ (ဆီမီးဖိုင်နယ်တွင် ရန်ကုန်နှင့် ကစားရမည့် ရတနာပုံအသင်း) ဆီမီးဖိုင်နယ်သို့ တက်ရောက်လာသည့် အသင်းလေးသင်းမှာ ရန်ကုန်၊ ရတနာပုံ၊ မကွေးနှင့် ဇွဲကပင်အသင်းတို့ ဖြစ်ကြသည်။ ဆီမီး ဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို လာမည့် ဇူလိုင် ၃၀ ၊ ၃၁ ရက်များတွင် ကျင်းပမည်ဖြစ် သည်။ ဇူလိုင် ၃၀ ရက်၊ သုဝဏ္ဏကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်း၊ ဇူလိုင် ၃၁ ရက်၊ သုဝဏ္ဏကွင်းတွင် မကွေးအသင်းနှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အဆိုပါ ဆီမီးပွဲစဉ်များကို မြ၀တီရုပ်သံလိုင်း၊ မြ၀တီ Variety & 

Continue Reading

General Aung San Shield 2016 ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့(၂၀.၇.၂၀၁၆)က ဆက်လက်ယှဉ်ပြိုင်ကစားရာ ဇွဲကပင်ယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ဒုတိယပိုင်းသွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ကစားကာ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ပထမပိုင်းတွင် တစ်ဖက်နှင့် တစ်ဖက် ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်းမရှိပဲ ပွဲက အေးနေခဲ့သည်။ ပထမပိုင်းတွင် ဂိုးမရှိသရေဖြင့်  ပြီးဆုံးခဲ့သော်လည်း ဒုတိယပိုင်းပွဲစသည်နှင့် ဇွဲကပင်ယူနိုက်တက်အသင်းက အပေးအယူအချိတ်အဆက်မိမိဖြင့် ထိုးဖောက်ကစားနိုင်ခဲ့  ပြီး ဇွဲကပင်ယူနိုက်တက်အသင်းအတွက် ဂိုးများကို ပွဲချိန် ၅၂ မိနစ်နှင့် ၆၄ မိနစ်တွင် Patrick က သွင်းယူပေးနိုင်ခဲ့သည်။ ဇွဲကပင်အသင်းအတွက် တတိယဂိုးကို ပွဲချိန် ၇၆ မိနစ်တွင် တင်ဝင်းအောင်က ဂိုးသမားကို ကျော်ပြီး လှလှပပ သွင်းယူပေးခဲ့သည်။ ဇွဲကပင်အသင်း   အတွက် စတုတ္ထဂိုးကို လူစားဝင်လာသည့် စောဆေးအိုင်က ပွဲကစားချိန် 

Continue Reading