မြန်မာနေရှင်နယ်လိဂ်နှင့် နိုင်ငံတကာသုံး ငွေပေးချေကဒ် တစ်ခုဖြစ်သည့် JCB တို့၏ စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ပြည်လမ်း နိုဗိုတယ် ဟိုတယ်ရှိ Eureka ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၁၇ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ပွဲစဉ်များကို လာမည့် အပတ် ၁၆ သင်းအဆင့် ရှုံးထွက် ပွဲစဉ်များမှ စတင်ကာ ပွဲချိန်များ နောက်ဆုတ် ကျင်းပမည် ဖြစ်သည်။

၁၃-၅-၂၀၁၇      ရှမ်းယူနိုက်တက်   –  GFA    (ညနေ ၃း၃၀)   တောင်ကြီး   Live ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ရှမ်းယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ တစ်ပတ်မှာလဲ အိမ်ကွင်းမှာ ဇွဲကပင်အသင်းကို အမှား အယွင်း မရှိ အနိုင်ကစားပြီး ပထမနေရာက ရန်ကုန်ကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။ ဧည့်သည်အဖြစ် လာကစားမယ့် GFA အသင်းက General Aung San Shield မှာလဲ ဖုန်ဂန်ကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရသလို ပြီးခဲ့တဲ့ တစ်ပတ် လိဂ်ပြိုင်ပွဲမှာလဲ ဆောက်သမ်းအသင်းကို ဂိုးပြတ် ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့် ရှမ်းယူနိုက်တက်အသင်းနဲ့ GFA အသင်းတို့ရဲ့ ပထမအကျော့ တွေ့ဆုံမှုမှာ ရှမ်းအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် GFA အသင်းက အဖွင့်ဂိုးစတင်သွင်းပြီး ပထမပိုင်း 

Continue Reading

၆-၅-၂၀၁၇   ရှမ်းယူနိုက်တက်  –  ဇွဲကပင်     ညနေ (၃း၃၀)  တောင်ကြီး ဒုတိယအကျော့အတွက် ရှမ်းယူနိုက်တက်အသင်းက အသင်းမှာ ရှိနေတဲ့ ကိုရီးယားကစားသမားနေရာမှာ နောက်ထပ်ပိုကောင်းတဲ့ ကိုရီး ယား ကစားသမားတစ်ယောက်ကို လဲလှယ်ခဲ့ပါတယ်။ အလားတူပဲ ဇွဲကပင်အသင်းကလဲ အသင်းမှာ ကစားခဲ့ဖူးတဲ့ ကွင်းလယ်လူဟောင်း ကမ်ကို ပြန်လည်ခေါ်ယူထားတာ တွေ့ရပါတယ်။ ဒီနှစ်သင်းရဲ့ ပထမအကျော့ တွေ့ဆုံခဲ့တုန်းက ဇွဲကပင်အသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါ တယ်။ ဒီတစ်ကြိမ် တောင်ကြီးကွင်းမှာတော့ အိမ်ရှင်ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ရှုံးကြွေး ပြန်ဆပ်နိုင်မလား..ဒါမှမဟုတ် ရှမ်း ယူနိုက် တက်အသင်းနဲ့တွေ့တိုင်း ရလဒ်ကောင်းတွေ ရလေ့ရှိတဲ့ ဇွဲကပင်အသင်းကပဲ ထပ်ပြီး ရလဒ်ကောင်းနိုင်မလား..စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ ၆-၅-၂၀၁၇   GFA  –  ဆောက်သမ်း     ညနေ (၄း၀၀)  အောင်ဆန်း  

Continue Reading

ယနေ့ ကျင်းပသည့် ၂၀၁၇ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက် ဘောလုံးပြိုင်ပွဲ၏ ပထမအဆင့် ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဖုန်ဂန်အသင်းနှင့် ဂျီအက်ဖ်အေ အသင်းတို့၏ ပွဲစဉ်တွင် မြန်မာနေရှင်နယ်လိဂ် ကလပ် ဂျီအက်ဖ်အေ အသင်းကို လိဂ်-၂ ကလပ် ဖုန်ဂန် အသင်းက ပင်နယ်တီ အဆုံးအဖြတ်တွင် အနိုင်ယူကာ ၁၆ သင်း ရှုံးထွက် အဆင့်သို့ တက်ရောက် သွားခဲ့သည်။ 

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF သည် ၂၀၁၇ အာဆီယံ ယူ၁၈ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာရှ ယူ၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသော မြန်မာ့ လက်ရွေးစင် ယူ-၁၈ အသင်းအား ပြင်သစ်နိုင်ငံသား နည်းပြ ရာဘက်ရှ် ဘန်လာဘီကို နည်းပြချုပ်အဖြစ် တာဝန်ပေးအပ်သွားမည် ဖြစ်သည်။

General Aung San Shield 2017 ရှုံးထွက်ဘောလုံးပြိုင်ပွဲ မဲနှိုက်ရေးဆွဲပွဲ အခမ်းအနားကို ဧပြီ ၂၄ ရက် မွန်းလွဲ ၂း၀၀ နာရီက မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီးပထမအဆင့်တွင် ဖုန်ဂန်နှင့် GFA ၊ မြ၀တီနှင့်စီးတီးရန်ကုန်၊ နေပြည်တော်နှင့်ဒဂုံအက်ဖ်စီစသည့် အသင်းများ ထိပ်တိုက်တွေ့ဆုံခဲ့သည်။ မဲနှိုက်ရေးဆွဲပွဲအခမ်းအနားသို့  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အမှုဆောင် ဦးမိုးဆန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနေရှင်နယ်လိဂ် ကော်မ၀တီဝင် ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးဇော်မင်းသိန်းနှင့် အသင်းပိုင်ရှင်/ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ MFF စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်၊ မြန်မာဘရူဝါရီလီမိတက်မှ National Marketing Director ဒေါ်မြစိမ်းရီ၊ ကလပ်အသင်းများမှ စီအီးအို/အထွေထွေမန်နေဂျာများ၊ 

Continue Reading

 နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် ရှုံးထွက်​ဘောလုံးပြိုင်ပွဲ တစ်ရပ်ဖြစ်သည့် General Aung San Shield 2017 ​ဘောလုံးပြိုင်ပွဲကို လာမည့် ​မေလ ၂ ရက်နေ့ တွင် စတင်ကျင်းပသွား​မည် ဖြစ်​သည်။ General Aung San Shield ​ဘောလုံးပြိုင်ပွဲကို အ​စောပိုင်းနှစ်များက ရှုံးထွက်ပြိုင်ပွဲအမည် အမျိုးမျိုးဖြင့် ကျင်းပခဲ့ပြီး General Aung San Shield အမည်ဖြင့် ကျင်းပခြင်းမှာ ယခုနှစ်တွင် သုံးနှစ်ပြည့်​မြောက်မည် ဖြစ်သည်။

၁-၄-၂၀၁၇ ရှမ်းယူနိုက်တက် – ဆောက်သမ်း (ညနေ ၄း၀၀) တောင်ကြီး အမှတ်ပေးဇယား တတိယက ရှမ်းယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ တစ်ပတ်မှာ မကွေးလို မာကျောတဲ့အသင်းကို အနိုင်ကစားထားနိုင်တဲ့ အသင်းပါ။ရှမ်းယူနိုက်တက်နဲ့ ကစားမယ့် ဆောက်သမ်းအသင်းကတော့ ပွဲစဉ် ကိုးပွဲကစားအပြီးမှာ နိုင်ပွဲ တစ်ပွဲပဲ ရထားသေးပြီး လေးပွဲ သရေ၊ လေးပွဲ ရှုံးထား ပါတယ်။ဒါ့အပြင် ဆောက်သမ်းအသင်းရဲ့ အဓိက အားနည်းချက်တစ်ခုဖြစ်နေတာ ကိုးပွဲကစားပြီးမှာ တိုက်စစ်ပိုင်း က ရဂိုး လေးဂိုးပဲ ရထားတာပါပဲ။ ဆောက်သမ်းအသင်း အခုကစားရမယ့်အသင်းက လက်ရှိဒီရာသီမှာ ဒုတိယခံစစ်အကောင်းဆုံး အသင်းဖြစ်နေတာကြောင့် အခက်တွေ့နိုင်ပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးက ရန်ကုန်နဲ့ ရတနာ ပုံ ပွဲကြပ်တွေ့ နေချိန် မှာ ရှမ်းယူနိုက် တက်အသင်းအနေနဲ့ ဒီပွဲကို အမှတ်ပြည့်ယူနိုင်အောင် 

Continue Reading

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ်(၉) တွင် မြ၀တီအသင်း နိုင်ပွဲ ဆက်ခဲ့သည့်နည်းတူ ပွဲစဉ်(၈) တွင် နိုင်ပွဲပျောက်ဆုံးခဲ့ကြသည့် မဟာ ယူနိုက်တက်နှင့် ဖီးနစ်အသင်းတို့လည်း နိုင်ပွဲ ပြန်လည် ရရှိခဲ့သည်။ နေရှင်နယ်လိဂ်-၂ ပွဲစဉ်(၉) အား ပွဲစဉ်ရွှေ့ဆိုင်ထားသည့် စီးတီးရန်ကုန်-ယူနီဗာစတီ ပွဲစဉ်မှ လွဲ၍ ကျန်ပွဲစဉ်များကို ပြီးခဲ့သည့် မတ်လ ၁၄၊ ၁၅ ၊ ၁၆ ရက်များ ကျင်းပခဲ့ပြီး မြ၀တီ၊ ဖီးနစ် (က)၊ မဟာယူနိုက်တက် အသင်းတို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ခြင်းဖြစ်သည်။ မတ်လ ၁၄ ရက်က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ငွေကြယ်ပွင့်လေးများအသင်းနှင့် မြ၀တီအသင်းတို့ ပွဲတွင် မြ၀တီအသင်းက ခြေစွမ်းပြ ကစားကာ အမှတ်ပေးဇယားအောက်ဆုံးက ငွေကြယ်ပွင့်လေးများအသင်းကို ၆-၀ ဂိုးဖြင့် 

Continue Reading