မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးဌာနသည် မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် မြန်မာနေရှင်နယ်လိဂ်-၁၊ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲများအား ကျင်းပပေးလျက်ရှိသည့် အပြင် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲအားလည်း ကျင်းပလျက်ရှိရာ နေရှင်နယ်လိဂ် ယူ-၂၀ လူငယ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို ယခုအပတ်တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။ ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင်ပြီး ပထမအကျော့ ပွဲစဉ်(၁) ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။ ပွဲစဉ်(၁) တွင် ဖီးနစ်အသင်းနှင့် စီးတီးရန်ကုန်၊ မြ၀တီနှင့် စီးတီးစတား၊ ဒဂုံနှင့် ဖုန်ဂန်၊ ငွေကြယ်ပွင့်လေးများနှင့် ယူနိုက်တက်သန်လျင်၊ မဟာနှင့်ယူနီဗာစတီ၊ I.S.P.E(B) အသင်းနှင့် မောရ၀တီ အသင်းတို့ စတင်တွေ့ဆုံနေသည်။ ယူ-၂၀ လူငယ်အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ကို ဖေဖော်ဝါရီ ၁၆ ရက်မှ 

Continue Reading

အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ(MNL Youth U-21) week -1 ပွဲစဉ်များကို ဇန်န၀ါရီ ၂၉၊ ၃၀ ၊ ၃၁ ရက်များက ရန်ကုန်မြို့၊ ပဒုမ္မာ၊ စလင်းကွင်းတို့တွင်ယှဉ် ပြိုင်ကစားခဲ့ပြီး ရခိုင်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ဟံသာ ၀တီ၊ မကွေးအသင်းတို့မှာ နိုင်ပွဲ ကိုယ်စီရရှိခဲ့သည်။ ဇန်န၀ါရီ ၂၉ ရက်က စလင်းကွင်းတွင် ကစားခဲ့သည့် ဆောက်သမ်းအသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ပွဲတွင် ရခိုင်အသင်းက ၁-၀ ဂိုးဖြင့် လည်းကောင်း၊ ပဒုမ္မာကွင်းတွင် ကစားခဲ့သည့် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းတို့ပွဲစဉ်မှာ ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့သည်။ ဇန်န၀ါရီ ၃၀ ရက်က စလင်းကွင်းတွင် ကစားခဲ့သည့် ဧရာဝတီအသင်းနှင့် ရတနာပုံအသင်းတို့ပွဲတွင် ဧရာဝတီအသင်းက ၄-၀ 

Continue Reading

မကြာမီ စတင်ကျင်းပတော့မည့် မြန်မာနေရှင်နယ်လိဂ် လူငယ်ပြိုင်ပွဲများ အတွက် အသက်စစ်ဆေးမှုများကို ယနေ့ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ သုဝဏ္ဏကွင်းတွင် ပြုလုပ်ခဲ့သည့် အသက်စစ်ဆေးမှုတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်နှင့် မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးတို့က ဦးဆောင်ပြီး ကလပ်အသင်း အသီးသီးမှ တာဝန်ရှိသူများ ပူးပေါင်း ပါဝင်ခဲ့ကြသည်။

ဇန်နဝါရီ ၁၃ ရက်တွင် စတင်ကျင်းပတော့မည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ အပါအဝင် မြန်မာနေရှင်နယ်လိဂ် – ၂ ပြိုင်ပွဲနှင့် လူငယ် ပြိုင်ပွဲများတွင် စတင်ကျင့်သုံးတော့မည့် ဘောလုံး ဥပဒေ အသစ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ တစ်ရပ်ကို ယနေ့ မွန်းလွဲ ၁း၀၀ နာရီက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးမှ ကြီးမှူးကာ ပြုလုပ်ခဲ့သည်။

လာမည့်ဇန်န၀ါရီလတွင် စတင်ကျင်းပမည့် ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်(MNL)တွင် ကျင့်သုံးမည့် စည်းမျဉ်းအသစ်များနှင့် ပတ်သက် သည့် ညှိနိုင်း အစည်း အဝေး ကို ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန်မြို့၊ နိုဗိုတယ်မက်စ်ရှိ မြန်မာနေရှင်နယ်လိဂ်ရုံးခန်းတွင် ကျင်းပခဲ့သည်။ အဆိုပါ ညှိနိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ကြိုင်၊ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် ဦးဇော်မင်းစိန်၊ MNL Appeal Body Chairman ဦးတင်အောင်(ဂိုး)၊ MNL CEO ဦးစိုးမိုးကျော်၊ MFF CEO ဦးဘုန်းနိုင်ဇော်၊ MFF DGS & Technical Director ဦးတင်မြင့်အောင်၊ MNL COO ဦးဆူးအောင်နှင့် ပြိုင်ပွဲ ကျင်းပရေးဌာနမှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ 

Continue Reading

MNL Youth (U-21) League Competition 2017 ပွဲစဉ်ဇယား    MNL Youth (U-20) League Competition 2017 ပွဲစဉ်ဇယား   MNL Youth (U-19) League Competition ပွဲစဉ်ဇယား   MNL Youth (U-18) League Competition ပွဲစဉ်ဇယား  

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ဘောလုံးလောက၏ အဆင့်အတန်း အမြင့်ဆုံး ထူးချွန် ဆုပေးပွဲ ဖြစ်သည့် MFF – MNL Awards Night အခမ်းအနားကို ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီမှ ယခုနှစ်အတွင်း ကျင်းပလျှက် ရှိသည့် လိဂ်ပြိုင်ပွဲ ၄ ခုအနက်မှ တစ်ခုဖြစ်သည့် မြန်မာနေရှင်နယ်လိဂ် လူငယ် ယူ-၂၀ ဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ကို မူလ ထုတ်ပြန်ထားသည်ထက် တစ်လနီးပါး စော၍ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီမှ ထုတ်ပြန်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ကလပ်များ၏ လူငယ်အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည့် ယူ-၂၀ ပြိုင်ပွဲကို လာမည့် ဇန်နဝါရီ ၁၈ တွင် စတင်ကျင်းပ တော့မည် ဖြစ်သည်။ ထူးခြားမှု တစ်ရပ်အဖြစ် အဆိုပါ ယူ-၂၀ ပြိုင်ပွဲတွင် လိဂ်-၂ ကလပ်အသင်း တစ်သင်းဖြစ်သည့် မြဝတီ အသင်း၏ ယူ-၂၀ အသင်းလည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ၁၃ သင်းအထိ ရှိလာမည် ဖြစ်သည်။