General Aung San Shield 2017 ရှုံးထွက်ဘောလုံးပြိုင်ပွဲ မဲနှိုက်ရေးဆွဲပွဲ အခမ်းအနားကို ဧပြီ ၂၄ ရက် မွန်းလွဲ ၂း၀၀ နာရီက မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီးပထမအဆင့်တွင် ဖုန်ဂန်နှင့် GFA ၊ မြ၀တီနှင့်စီးတီးရန်ကုန်၊ နေပြည်တော်နှင့်ဒဂုံအက်ဖ်စီစသည့် အသင်းများ ထိပ်တိုက်တွေ့ဆုံခဲ့သည်။ မဲနှိုက်ရေးဆွဲပွဲအခမ်းအနားသို့  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အမှုဆောင် ဦးမိုးဆန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနေရှင်နယ်လိဂ် ကော်မ၀တီဝင် ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးဇော်မင်းသိန်းနှင့် အသင်းပိုင်ရှင်/ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ MFF စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်၊ မြန်မာဘရူဝါရီလီမိတက်မှ National Marketing Director ဒေါ်မြစိမ်းရီ၊ ကလပ်အသင်းများမှ စီအီးအို/အထွေထွေမန်နေဂျာများ၊ 

Continue Reading

၁-၄-၂၀၁၇ ရှမ်းယူနိုက်တက် – ဆောက်သမ်း (ညနေ ၄း၀၀) တောင်ကြီး အမှတ်ပေးဇယား တတိယက ရှမ်းယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ တစ်ပတ်မှာ မကွေးလို မာကျောတဲ့အသင်းကို အနိုင်ကစားထားနိုင်တဲ့ အသင်းပါ။ရှမ်းယူနိုက်တက်နဲ့ ကစားမယ့် ဆောက်သမ်းအသင်းကတော့ ပွဲစဉ် ကိုးပွဲကစားအပြီးမှာ နိုင်ပွဲ တစ်ပွဲပဲ ရထားသေးပြီး လေးပွဲ သရေ၊ လေးပွဲ ရှုံးထား ပါတယ်။ဒါ့အပြင် ဆောက်သမ်းအသင်းရဲ့ အဓိက အားနည်းချက်တစ်ခုဖြစ်နေတာ ကိုးပွဲကစားပြီးမှာ တိုက်စစ်ပိုင်း က ရဂိုး လေးဂိုးပဲ ရထားတာပါပဲ။ ဆောက်သမ်းအသင်း အခုကစားရမယ့်အသင်းက လက်ရှိဒီရာသီမှာ ဒုတိယခံစစ်အကောင်းဆုံး အသင်းဖြစ်နေတာကြောင့် အခက်တွေ့နိုင်ပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးက ရန်ကုန်နဲ့ ရတနာ ပုံ ပွဲကြပ်တွေ့ နေချိန် မှာ ရှမ်းယူနိုက် တက်အသင်းအနေနဲ့ ဒီပွဲကို အမှတ်ပြည့်ယူနိုင်အောင် 

Continue Reading

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ်(၉) တွင် မြ၀တီအသင်း နိုင်ပွဲ ဆက်ခဲ့သည့်နည်းတူ ပွဲစဉ်(၈) တွင် နိုင်ပွဲပျောက်ဆုံးခဲ့ကြသည့် မဟာ ယူနိုက်တက်နှင့် ဖီးနစ်အသင်းတို့လည်း နိုင်ပွဲ ပြန်လည် ရရှိခဲ့သည်။ နေရှင်နယ်လိဂ်-၂ ပွဲစဉ်(၉) အား ပွဲစဉ်ရွှေ့ဆိုင်ထားသည့် စီးတီးရန်ကုန်-ယူနီဗာစတီ ပွဲစဉ်မှ လွဲ၍ ကျန်ပွဲစဉ်များကို ပြီးခဲ့သည့် မတ်လ ၁၄၊ ၁၅ ၊ ၁၆ ရက်များ ကျင်းပခဲ့ပြီး မြ၀တီ၊ ဖီးနစ် (က)၊ မဟာယူနိုက်တက် အသင်းတို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ခြင်းဖြစ်သည်။ မတ်လ ၁၄ ရက်က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ငွေကြယ်ပွင့်လေးများအသင်းနှင့် မြ၀တီအသင်းတို့ ပွဲတွင် မြ၀တီအသင်းက ခြေစွမ်းပြ ကစားကာ အမှတ်ပေးဇယားအောက်ဆုံးက ငွေကြယ်ပွင့်လေးများအသင်းကို ၆-၀ ဂိုးဖြင့် 

Continue Reading

၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week 9) ပွဲစဉ်တစ်ပွဲအဖြစ် မတ် ၁၂ ရက်(ယနေ့) ညနေ ၃:၃၀ က ပုသိမ် ကျောက်တိုင်ကွင်းတွင် ဧရာဝတီအသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အိမ်ရှင်ဧရာဝတီအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဧရာဝတီအသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ပွဲစဉ် ပထမပိုင်းတွင် နှစ်သင်းစလုံးမှ အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြသော်လည်း ပွဲချိန် မိနစ် ၄၀ ကျော်သည်အထိ ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပေ။ သို့သော် ပွဲချိန် ၄၃ မိနစ်တွင် အိမ်ရှင်ဧရာဝတီအသင်း၏ ဦးဆောင်ဂိုးကို တိုက်စစ်မှူး သီဟဇော်က သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ပထမပိုင်း ပွဲပြီးဆုံးချိန်တွင် ဧရာဝတီယူနိုက်တက်အသင်းက ဧည့်သည်အသင်းကို ၁-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်း ပြန်လည်စတင်ရာတွင်လည်း ဧရာဝတီယူနိုက်တက်အသင်းမှပင် ကစားပုံပိုမိုကောင်းမွန်လာပြီး 

Continue Reading

၁၀-၃-၂၀၁၇ မကွေး – ရှမ်းယူနိုက်တက် ညနေ ၄း၀၀ (သုဝဏ္ဏ) Live မကွေးအသင်းက ဂျိုဟိုးအသင်းနဲ့ AFC Cup ကစားပြီး နှစ်ရက်အကြာမှာ ရှမ်းယူနိုက်တက်အသင်းနဲ့ ကစားရမှာဖြစ်လို့ ပွဲပန်း နိုင်ဖွယ်ရှိပါတယ်။ အလားတူပဲ ရှမ်းယူနိုက်တက်အသင်းကလဲ ပြီးခဲ့တဲ့တစ်ပတ်မှာ ရန်ကုန်ကို ရှုံးထားလို့ အနည်းငယ်တိမ်းစောင်းသွားတဲ့ ချန်ပီယံလမ်းကြောင်းပေါ်ကို ပြန်လည်တက်ရောက်နိုင်ဖို့ဆိုရင် ဒီပွဲမှာ ရလဒ်ကောင်းမှ ဖြစ်မှာပါ။ မကွေးအသင်းမှာ အားထားရတဲ့ တိုက်စစ်မှူး ဆယ်လာရှိနေပြီး မလေးရှားကလပ် ဂျိုဟိုး အသင်းနဲ့ပွဲမှာလဲ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။ အလားတူပဲ ရှမ်းယူနိုက်တက်အသင်းမှာလဲ ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှူး ခရစ္စတိုဖာရှိနေပါတယ်။ ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့နှစ်က ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ရင် ပထမအကျော့မှာ တစ်ဂိုးစီ သရေကျခဲ့ပြီး ဒုတိယ အကျော့ တောင်ကြီးကွင်းမှာလဲ 

Continue Reading

2017 AFC Cup ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအက်ဖ်စီအသင်းသည် AFC Cup အုပ်စု(H)၏ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဗီယက်နမ်ကလပ် သန်ကွမ်နင်အသင်းနှင့် အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။ ရတနာပုံအသင်းသည် 2017 AFC Cup ဘောလုံးပြိုင်ပွဲ အုပ်စု(H)တွင် ဗီယက်နမ်ကလပ် သန်ကွမ်နင်အသင်း၊ စင်ကာပူကလပ် ဟုမ်းယူနိုက်တက် အသင်းတို့နှင့် တစ်အုပ်စုထဲ ကျရောက်နေ သည်။ ရတနာပုံအက်ဖ်စီအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က ဟုမ်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။ သန်ကွမ်နင် အသင်းသည် အုပ်စုပွဲစဉ် ကစားထားရခြင်းမရှိ သေးဘဲ ရတနာနာပုံအသင်းနှင့် ပွဲဦးထွက် ရင်ဆိုင်ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ရတနာပုံအက်ဖ်စီအသင်းသည် ဗီယက်နမ်ကလပ်အသင်းနှင့် ကစားရန် ဗီယက်နမ်နိုင်ငံသို့ 

Continue Reading

၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် (၂) အမှတ်ပေးဘောလုံးပြိုင်ပွဲ week 8 ပွဲစဉ်တစ်ပွဲအဖြစ် မတ် ၇ ရက်(ယနေ့) ညနေ ၄း၀၀ နာရီက အောင်ဆန်းကွင်းတွင် ဖုန်ဂန်အက်ဖ်စီအသင်းနှင့် စီးတီးစတားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဖုန်ဂန်အက်ဖ်စီအသင်းက ၂-၀ ဂိုြး ဖင့် အနိုင်ရခဲ့သည်။ စီးတီးစတားအသင်းသည် ပွဲသည်နှင့်တစ်ပြိုက်နက် ဦးဆောင်ဂိုးစတင်ရရှိရန် တိုက်စစ်ဦးစားပေးကစားခဲ့သော်လည်း ပွဲချိန် ၃ မိနစ်တွင် ဖုန်ဂန်  အသင်းမှပင် ဦးဆောင်ဂိုးစတင်ရခဲ့သည်။ ဖုန်ဂန်အသင်းအတွက် ဦးဆောင်ဂိုးကို ထွန်းလင်းလင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးနောက် စီးတီးစတားအသင်းသည် ချေပဂိုးရရှိရန် ပြန်လည်ကြိုးစားခဲ့သော်လည်း ဖုန်ဂန်အသင်း၏ နောက်ခံလူများကို ဖြတ်ကျော်နိုင်ခြင်းမရှိဘဲ ပထမပိုင်းအပြီးတွင် ဖုန်ဂန်အသင်းက ၁-၀ ဂိုးဖြင့် ပွဲကို ဦးဆောင်ခဲ့သည်။ ဒုတိယ ပိုင်းတွင် စီးတီးစတားအသင်းမှ ချေပဂိုးရရန် ကြိုးပမ်းခဲ့ပြီး 

Continue Reading

၎-၃-၂၀၁၇        ရန်ကုန်ယူနိုက်တက် – ရှမ်းယူနိုက်တက်        ညနေ ၃း၃၀     (YUSC) ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေအနက် ဒီတစ်ပတ်မှာတော့ ပုံမှန်ထက်ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပွဲကောင်းတစ်ပွဲရှိနေပါတယ်။ ဒီပွဲကတော့ အမှတ်ပေးဇယား ထိပ်ဆုံးက ရန်ကုန်ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်အသင်းတို့ ပွဲပါပဲ။ ရန်ကုန်အသင်းက နောက်ဆုံး ကစားထားတဲ့ သုံးပွဲမှာ ရဂိုး ရှစ်ဂိုး ထိ ရထားပြီး ပေးဂိုးက တစ်ဂိုးပဲ ရှိပါတယ်။ အလားတူပဲ ရှမ်း ယူနိုက်တက်အသင်းကလဲ နောက်ဆုံးကစားထားတဲ့သုံးပွဲမှာ ရဂိုးငါးဂိုးရထားပြီး ပေးဂိုး တစ်ဂိုးပဲ ပေးထားရပါတယ်။ ဒီနှစ်သင်းရဲ့ မနှစ်က တွေ့ဆုံမှုကို ကြည့်ရင် ပထမအကျော့ တောင်ကြီးကွင်းမှာ တစ်ဂိုးစီ သရေကျခဲ့ပြီး ဒုတိယအကျော့ YUSC ကွင်းမှာ ရှမ်းယူနိုက် တက်အသင်းက ၂-၀ ဂိုးနဲ့ 

Continue Reading

၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ (week 7) ပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၅ ရက်က တောင်ကြီးကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်အသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းကို အနိုင်ရခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်းပွဲစဉ် သုံးပွဲကစားအပြီးတွင် သုံးပွဲစလုံး အနိုင်ရ ရှိထားခဲ့သည်။ရခိုင်ယူနိုက်တက်အသင်းနှင့်ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၁၅ မိနစ်တွင် ခရစ္စတိုဖာ၊ ၆၉ မိနစ်တွင် ထိုက်ထိုက် အောင်နှင့် ၈၇ မိနစ်တွင် မက်ဆီမင်(ပင်နယ်တီ)တို့က သွင်းယူပေးခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲစဉ် ခုနစ်ပွဲကစားအပြီးတွင် ငါးပွဲ နိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၁၆ မှတ်ဖြင့် အဆင့် ၂ နေရာတွင် 

Continue Reading

အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ(MNL Youth U-21) week -1 ပွဲစဉ်များကို ဇန်န၀ါရီ ၂၉၊ ၃၀ ၊ ၃၁ ရက်များက ရန်ကုန်မြို့၊ ပဒုမ္မာ၊ စလင်းကွင်းတို့တွင်ယှဉ် ပြိုင်ကစားခဲ့ပြီး ရခိုင်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ဟံသာ ၀တီ၊ မကွေးအသင်းတို့မှာ နိုင်ပွဲ ကိုယ်စီရရှိခဲ့သည်။ ဇန်န၀ါရီ ၂၉ ရက်က စလင်းကွင်းတွင် ကစားခဲ့သည့် ဆောက်သမ်းအသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ပွဲတွင် ရခိုင်အသင်းက ၁-၀ ဂိုးဖြင့် လည်းကောင်း၊ ပဒုမ္မာကွင်းတွင် ကစားခဲ့သည့် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းတို့ပွဲစဉ်မှာ ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့သည်။ ဇန်န၀ါရီ ၃၀ ရက်က စလင်းကွင်းတွင် ကစားခဲ့သည့် ဧရာဝတီအသင်းနှင့် ရတနာပုံအသင်းတို့ပွဲတွင် ဧရာဝတီအသင်းက ၄-၀ 

Continue Reading