2017 AFC Cup ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအက်ဖ်စီအသင်းသည် AFC Cup အုပ်စု(H)၏ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဗီယက်နမ်ကလပ် သန်ကွမ်နင်အသင်းနှင့် အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။ ရတနာပုံအသင်းသည် 2017 AFC Cup ဘောလုံးပြိုင်ပွဲ အုပ်စု(H)တွင် ဗီယက်နမ်ကလပ် သန်ကွမ်နင်အသင်း၊ စင်ကာပူကလပ် ဟုမ်းယူနိုက်တက် အသင်းတို့နှင့် တစ်အုပ်စုထဲ ကျရောက်နေ သည်။ ရတနာပုံအက်ဖ်စီအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က ဟုမ်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။ သန်ကွမ်နင် အသင်းသည် အုပ်စုပွဲစဉ် ကစားထားရခြင်းမရှိ သေးဘဲ ရတနာနာပုံအသင်းနှင့် ပွဲဦးထွက် ရင်ဆိုင်ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ရတနာပုံအက်ဖ်စီအသင်းသည် ဗီယက်နမ်ကလပ်အသင်းနှင့် ကစားရန် ဗီယက်နမ်နိုင်ငံသို့ 

Continue Reading

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးချန်ပီယံ ရတနာပုံအသင်းသည် ၂၀၁၇ အာရှချန်ပီယံလိဂ် ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် ထိုင်း ကလပ် ဆူခွန်ထိုင်းအသင်းနှင့် ဇန်န၀ါရီ ၃၁ ရက်(ယနေ့) မြန်မာ စံတော်ချိန် ညနေ ၆း၃၀ တွင် ထိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ ရတနာပုံအသင်းသည် ပြီးခဲ့သည့် အမှတ်ပေးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သဖြင့် အာရှချန်ပီယံလိဂ် ဒုတိယအဆင့် ခြေစစ်ပွဲမှ ၀င်ရောက်ကစားခွင့်ရရှိခဲ့သည်။ ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဆူခွန်ထိုင်းအသင်းသည် ပြီးခဲ့သည့် ၂၀၁၆ ထိုင်းအက်ဖ်အေ ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့ သည့်အပြင် ၂၀၁၆ ထိုင်းပရီးမီးယားလိဂ်တွင် အဆင့် ၇ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ ရတနာပုံ အသင်းသည် ၂၀၁၇ အာရှချန်ပီယံလိဂ် ဒုတိယအဆင့်တွင် ဆူခွန်ထိုင်းအသင်းကို ဖြတ်ကျော်နိုင်ပါ က ခြေစစ်ပွဲ ရှုံးထွက်အဆင့်သို့ ဆက်လက်ကစားရမည်ဖြစ်ပြီး 

Continue Reading

ရတနာပုံအသင်း ချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ထိုင်းကလပ်နှင့် တွေ့ဆုံနေပြီး မကွေးအသင်းက မလေးရှား နာမည်ကြီးကလပ် JDT နှင့် တစ်အုပ်စုတည်း ကျရောက်နေ လာမည့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာကလပ် အသင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် AFC Champion Leagues 2017 ပြိုင်ပွဲနှင့် 2017 AFC Cup ပြိုင်ပွဲများအတွက် မဲခွဲခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ရှိ Hilton Petaling Jaya ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် သြဂုတ်လ ၃၀ ရက်နေ့၌ကျင်းပမည့် AFC New Competition Format Seminar သို့တက်ရောက်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်နှင့် တွဲဘက် အထွေထွေအတွင်းရေးမှုး (နည်းစနစ်ဒါရိုက်တာ) ဦးတင်မြင့်အောင်တို့သည် ယနေ့မွန်းလွဲပိုင်းက မလေးရှားလေကြောင်းဖြင့်ထွက်ခွာသွားသည်။

A hat-trick from captain Safiq Rahim helped reigning champions Johor Darul Ta’zim get their AFC Cup defence off to a blistering start with an 8-1 hammering of Myanmar’s Ayeyawady United in Group H on Wednesday. Safiq opened the scoring for the Malaysian champions early on before Thiha Zaw equalised soon after. But further strikes from 

Continue Reading

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၄ နာရီတွင် မန္တလေးမြို့၊ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားမည့် မြန်မာနေရှင်နယ်လိဂ် ကလပ် ရတနာပုံအက်ဖ်စီနှင့် မလေးရှားစူပါလိဂ်ကလပ် ပါဟန်းအက်ဖ်အေတို့၏ AFC Cup 2015 အုပ်စုပွဲစဉ်အတွက် ပြိုင်ပွဲကျင်းပရေး အစည်းအဝေး(MCM)နှင့် သတင်းစာရှင်းလင်းပွဲ (Press Conference)တို့ကို ယနေ့ နေ့လည် ၂ နာရီအချိန်က မန္တလေးမြို့၊ Wilson Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ အာရှဘောလုံးအဖွဲ့ချုပ်မှ စေလွှတ်သော ကိုယ်စားလှယ်များ၊ နှစ်ဘက်ဘောလုံးအသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ ကိုယ်စားလှယ်များ၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် တာဝန်ယူထားကြသော ကျန်းမာရေး၊ လုံခြုံရေးနှင့် ကွင်း/ရုံ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ AFC Match Commisioner အဖြစ်ထမ်းဆောင်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ 

Continue Reading

  အာရှ ဘောလုံး အဖွဲ့ချုပ် (AFC)မှ ကျင်းပသည့် အာရှ ဒုတိယ အဆင့်မြင့် ကလပ်အသင်း ပြိုင်ပွဲဖြစ်သည့် 2014 AFC Cup ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ MNL ကိုယ်စားပြု ရန်ကုန် ယူနိုက်တက် အသင်းနှင့် နေပြည်တော် အက်ဖ်စီ အသင်းတို့သည် အုပ်စု အဆင့်မှ ကျော်လွန် ခဲ့ပြီး ရှုံးထွက်အဆင့်သို့ ကိုယ်စီ တက်ရောက်သွား နိုင်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲ၏ အုပ်စု နောက်ဆုံး ပွဲစဉ်များအား ယနေ့ ကျင်းပရာတွင် အုပ်စု(G)မှ ရန်ကုန် ယူနိုက်တက် အသင်းသည် YTC ကွင်းတွင်  ဗီယက်နမ် ကလပ် ဗက် ဆိုင်း နင်ဘင်းကို (၁-၄)ဂိုးဖြင့် အရေးနိမ့် ခဲ့သော်လည်း ၆ ပွဲကစား 

Continue Reading

မြန်မာ နေရှင်နယ်လိဂ် MNL Myanmar 2014 ပြိုင်ပွဲ၏ Week 6 ပွဲစဉ်များအား မတ်လ (၇၊၈၊၉) ရက်နေ့ များက ရန်ကုန်နှင့် မန္တလေး မြို့များတွင် ကျင်းပ ပြီးစီးခဲ့ရာ ရတနာပုံ အက်ဖ်စီ အသင်းက အမှတ်ပေး ဇယား ပထမ နေရာမှ ဆက်လက် ဦးဆောင်သွား နိုင်ခဲ့သည်။

MNL Myanmar 2014 (Week 4) တနင်္ဂနွေနေ့ ပွဲစဉ်များအား တောင်ကြီးနှင့် ရန်ကုန် မြို့များတွင် ယနေ့ ယှဉ်ပြိုင် ကစားခဲ့ကြရာ (၁- ၁)ဂိုး သရေပွဲ များဖြင့်သာ အဆုံးသတ် သွားခဲ့ကြသည်။ တောင်ကြီးမြို့ ပွဲစဉ်ဖြစ်သည့် အိမ်ရှင် ကမ္ဘောဇ (KBZ)နှင့် ရတနာပုံ အသင်းတို့ ပွဲစဉ်အား KBZ Stadium တွင်ကျင်းပခဲ့ရာ ပရိသတ် ၇၅၀၀ ၀န်းကျင်ခန့် လာရောက် အားပေးခဲ့ကြသည်။ ရန်ကုန်မြို့ YTC ပွဲစဉ်တွင်လည်း ဆောက်သမ်းမြန်မာ အသင်းနှင့် ဇွဲကပင် အသင်းတို့ တစ်ဖက် တစ်ဂိုးစီဖြင့် သရေတစ်မှတ် ခွဲယူသွား ခဲ့ကြပြီး ဆူပါဆန်းဒေး ပွဲစဉ် နှစ်ပွဲစလုံး အနိုင်အရှုံး မရှိခဲ့ကြပေ။ ကမ္ဘောဇနှင့် ရတနာပုံ အသင်းတို့ 

Continue Reading

၂၀၁၄ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်(၂၅) MNL Myanmar 2014 (Week 5)အဖြစ် မတ်လ(၁) ရက်နေ့၊ ညနေ (၄) နာရီ၌ မကွေးအသင်းနှင့် ကမ္ဘောဇ အသင်းတို့ YTC ကွင်းတွင် အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြရာ မကွေးအသင်းက ကမ္ဘောဇ အသင်းကို ၃-၁ ဖြင့် အနိုင် ရရှိခဲ့သည်။