မကြာမီ စတင်ကျင်းပတော့မည့် မြန်မာနေရှင်နယ်လိဂ် လူငယ်ပြိုင်ပွဲများ အတွက် အသက်စစ်ဆေးမှုများကို ယနေ့ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ သုဝဏ္ဏကွင်းတွင် ပြုလုပ်ခဲ့သည့် အသက်စစ်ဆေးမှုတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်နှင့် မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးတို့က ဦးဆောင်ပြီး ကလပ်အသင်း အသီးသီးမှ တာဝန်ရှိသူများ ပူးပေါင်း ပါဝင်ခဲ့ကြသည်။

MNL Youth (U-21) League Competition 2017 ပွဲစဉ်ဇယား    MNL Youth (U-20) League Competition 2017 ပွဲစဉ်ဇယား   MNL Youth (U-19) League Competition ပွဲစဉ်ဇယား   MNL Youth (U-18) League Competition ပွဲစဉ်ဇယား  

လာမည့်နှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ရာ အဆိုပါ အသင်းအား ယခုနှစ် အာဆီယံ ယူ-၁၆ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို အခြေခံကာ ဖွဲ့စည်းမည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ကလပ်များ၏ လူငယ်အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည့် ယူ-၂၀ ပြိုင်ပွဲကို လာမည့် ဇန်နဝါရီ ၁၈ တွင် စတင်ကျင်းပ တော့မည် ဖြစ်သည်။ ထူးခြားမှု တစ်ရပ်အဖြစ် အဆိုပါ ယူ-၂၀ ပြိုင်ပွဲတွင် လိဂ်-၂ ကလပ်အသင်း တစ်သင်းဖြစ်သည့် မြဝတီ အသင်း၏ ယူ-၂၀ အသင်းလည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ၁၃ သင်းအထိ ရှိလာမည် ဖြစ်သည်။