ဇန်န၀ါရီ ၈ ရက်၊ ညနေ ၄း၀၀ က ရန်ကုန်မြို့၊ အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် MFF Charity Cup 2017 ဘောလုံး ပြိုင်ပွဲတွင် မကွေးအသင်းက ရတနာပုံအသင်းအား အနိုင်ယူကာ ရာသီအကြို ချာရတီဖလားကို ရယူသွားခဲ့သည်။ MFF Charity Cup 2017 ဘောလုံးပြိုင်ပွဲမစတင်မီတွင် လင်းလင်း၊ အာဇာနည်၊ ဂျီလတ်အစရှိသည့် အနုပညာရှင်များမှ ဖျော်ဖြေမှု များဖြင့် ဖျော်ဖြေခဲ့သည်။ ရတနာပုံအသင်းနှင့် မကွေးအသင်းတို့ ကစားခဲ့သည့် ချာရတီဖလားဘောလုံးပွဲ ပထမပိုင်းတွင် ဂိုးမရှိ သရေဖြစ် ခဲ့သော် လည်း ဒုတိယပိုင်းအပြီးတွင် မကွေးအသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။ မကွေးအသင်း အတွက် အနိုင်ဂိုးများကို ပွဲချိန် ၄၇၊ ၆၉ မိနစ်များတွင် ဆီလာကလည်းကောင်း၊ 

Continue Reading

ပထမအဆင့် ပွဲစဉ်များကို မေ ၁၈ တွင် စတင် ကျင်းပမည် မြန်မာနေရှင်နယ်လိဂ်နှင့် လိဂ်-၂ မှ ကလပ်အသင်းများ ဝင်ရောက် ယှဉ်ပြိုင်မည့် General Aung San Shield 2016 ရှုံးထွက် ဘောလုံး ပြိုင်ပွဲ၏ ပွဲစဉ်များ မဲနှိုက်ရေးဆွဲမှု အခမ်းအနားကို ယနေ့နေ့လည် ၂း၀၀ နာရီက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း အနီးရှိ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် တည်ရှိရာ Goal ဟိုတယ်၏ အစည်း အဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လာမယ့် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ ကျင်းပလျှက် ရှိတဲ့ မြန်မာနေရှင်နယ် လိဂ် ပြိုင်ပွဲကို ခေတ္တရပ်နားထားမှာ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ပြိုင်ပွဲရဲ့ ကွာတား ဖိုင်နယ် အဆင့် ပွဲစဉ်တွေကို ပြန်လည် ကျင်းပတော့မှာပါ။ နှစ်စဉ် ကျင်းပနေကြ ရှုံးထွက် ဖလား ပြိုင်ပွဲကို ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲအဖြစ် ယခုနှစ်မှာ အသွင်ပြောင်း ကျင်းပခဲ့တာ ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်-၁ နဲ့ လိဂ်-၂ က အသင်းတွေ ပါဝင် ယှဉ်ပြိုင်ခဲ့ကြကာ မထင်မှတ်တဲ့ ရလဒ်တွေနဲ့ အတူ ပရိသတ်တွေကို ရှုံးထွက် ပြိုင်ပွဲရဲ့ ရသကို အပြည့်အဝ ပေးနိုင် ခဲ့ပါတယ်။ ရှုံးထွက် ပြိုင်ပွဲဆိုတာ တစ်ပွဲတိုး ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲမျိုး ဖြစ်တာကြောင့် အသင်းငယ်တွေရဲ့ 

Continue Reading

2014 MFF Ooredoo Cup ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ရတနာပုံ အသင်းနှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့ သြဂုတ်လ (၆) ရက်နေ့၊ ညနေ (၃း၃၀) နာရီတွင် ရန်ကုန်မြို့၊Y.T.C အားကစားကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရာ ဧရာဝတီ ယူနိုက်တက် အသင်းက ရတနာပုံ အသင်းကို ကိုနေး၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရယူပြီး Ooredoo ဖလား ဗိုလ်လုပွဲသို့ တက်ရောက် သွားခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် ရတနာပုံ အသင်းနှင့် ဧရာဝတီ ယူနိုက်တက် နှစ်သင်းစလုံး ပွဲပယ်နှင့် ဒဏ်ရာပြဿနာ တွေကြောင့် အဓိက ကစားသမား အချို့ မပါဝင် နိုင်ခဲ့သော်လည်း ကျန်ရှိသည့် အဓိက ကစားသမား 

Continue Reading

2014 MFF Ooredoo ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့ သြဂုတ်လ (၄) ရက်နေ့၊ မွန်းလွဲ (၂) နာရီတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ခဲ့သည့် ချင်းယူနိုက်တက်၊ နေပြည်တော်၊ ရတနာပုံနှင့် ဧရာဝတီ ယူနိုက်တက် အသင်းနည်းပြချုပ်များ က လာမည့် Ooredoo ဆီမီးပွဲအတွက် အကောင်းဆုံး ပြင်ဆင်သွားမည်ဟု အသီးသီး ပြောကြားခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ချင်းယူနိုက်တက် အသင်းနည်းပြချုပ် ဦးဌေးမြင့်၊ နေပြည်တော် အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်း၊ ရတနာပုံ အသင်းနည်းပြချုပ် ဦးခင်မောင်တင့်နှင့် ဧရာဝတီ ယူနိုက်တက် အသင်းနည်းပြချုပ် ဦးဆန်းဝင်းတို့တက်ရောက် ခဲ့ကြပြီး စာနယ်ဇင်း မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။ 

Continue Reading

2014 MFF Ooredoo ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို သြဂုတ်လ (၄) ရက်နေ့၊ မွန်းလွဲ (၂) နာရီတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊အစည်းအဝေး ခန်းမ၌ ပြုလုပ် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ MFF Ooredoo ဖလား ဆီမီးဖိုင်နယ် အဆင့်တွင် ရတနာပုံနှင့် ဧရာဝတီ ယူနိုက်တက်၊ နေပြည်တော်နှင့် ချင်းယူနိုက်တက် အသင်း တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ ယင်းဆီမီးဖိုင်နယ် ပွဲစဉ် (၂) ပွဲစလုံး လာမည့် သြဂုတ်လ (၆) ရက်နေ့ တစ်ရက်တည်း ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ ဖလားနှင့် လက်တစ်ကမ်း အကွာတွင် ရောက်နေပြီဖြစ်၍ အသင်းတိုင်း ခြေကုန်ထုတ် ကစားကြမည် ဖြစ်ရာ 

Continue Reading

2014 MFF Ooredoo Cup ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဇွဲကပင် ယူနိုက်တက် အသင်းနှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့ ဇူလိုင်လ (၂၁) ရက်၊ ညနေ (၄) နာရီတွင် ရန်ကုန်မြို့၊ Y.T.C ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ ဧရာဝတီ ယူနိုက်တက် အသင်းက ဇွဲကပင် ယူနိုက်တက် အသင်းကို သာမန်ပွဲချိန် အပြီး အချိန်ပို သွင်းဂိုးဖြင့် အနိုင်ယူကာ MFF Ooredoo Cup ဆီမီးဖိုင်နယ် သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။ အဆိုပါပွဲတွင် ဇွဲကပင် ယူနိုက်တက် အသင်းသည် အဇစ် ဦးဆောင်သည့် တိုက်စစ်စုဖွဲ့မှု နှင့်အတူ အတောင့်တင်းဆုံး လူစာရင်းကို အသုံးပြုခဲ့ပြီး ဧရာဝတီ ယူနိုက်တက် 

Continue Reading

2014 MFF Ooredoo Cup ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရတနာပုံ အသင်းတို့ ရန်ကုန်မြို့၊ Y.T.C ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရာ ရတနာပုံ အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ကစားပြီး  MFF Ooredoo Cup ဆီမီးဖိုင်နယ် သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါပွဲတွင် မြန်မာ နေရှင်နယ်လိဂ် အစဉ်အလာ ပြိုင်ဘက်နှစ်သင်း ဖြစ်သည့် ရန်ကုန်ယူနိုက်တက် နှင့် ရတနာပုံ အသင်းတို့ ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ရေး ရေကုန်ရေခန်း ယှဉ်ပြိုင် ကစားခဲ့ရာ ပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်သောပွဲကြီးပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်းသည် ဆီဇာ၊ 

Continue Reading

ယနေ့ ဇူလိုင်လ (၇) ရက်နေ့၊ ညနေ (၃း၃၀) နာရီတွင် 2014 MFF Ooredoo Cup တတိယအဆင့် ပွဲစဉ်တစ်ပွဲ အဖြစ် ဆောက်သမ်းမြန်မာ အသင်းနှင့် ရတနာပုံ အသင်းတို့ ရန်ကုန်မြို့၊ ပဒုမ္မာကွင်း တွင် အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရာ ရတနာပုံ အသင်းက သာမန် ပွဲကစားချိန် အပြီး မိနစ် (၃၀) အချိန်ပို သွင်းဂိုးများဖြင့် ဆောက်သမ်းမြန်မာ အသင်းကို အနိုင်ယူကာ MFF Ooredoo Cup ကွာတားဖိုင်နယ် သို့ တက်ရောက် သွားခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် မြန်မာ နေရှင်နယ်လိဂ် (၁) အသင်း အချင်းချင်း တွေ့ဆုံခဲ့သည့် အတွက် ပွဲမှာ မြိုင်ဆိုင် 

Continue Reading

ယနေ့ ဇူလိုင်လ (၆) ရက်နေ့၊ ညနေ (၃း၃၀) နာရီတွင် 2014 MFF Ooredoo Cup တတိယအဆင့် ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဟံသာဝတီ ယူနိုက်တက် အသင်းနှင့် Horizonအသင်းတို့ ရန်ကုန်မြို့၊ ပဒုမ္မာကွင်း တွင် ယှဉ်ပြိုင် ကစားခဲ့ရာ ဟံသာဝတီ အသင်းက Horizon အသင်းကို (၁) ဂိုး (၀) ဂိုးဖြင့် အနိုင်ရယူပြီး MFF Ooredoo Cup ကွာတားဖိုင်နယ် သို့ တက်ရောက် သွားခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် Horizon အသင်းသည် မြန်မာ နေရှင်နယ်လိဂ် (၂) အသင်းကြီး ဟံသာဝတီ ကို သူတစ်ပြန် ကိုယ်တစ်ပြန် ယှဉ်ပြိုင် ကစားခဲ့သည်။ ပွဲချိန် 

Continue Reading