မြန်မာ​နေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် ကလပ်အသင်း တစ်သင်းဖြစ်သည့် ဖုန်ဂန်ကလပ်အသင်း၏ အုပ်ချုပ်သူ ဖြစ်သည့် ဦး​အောင်ခင်ကို ပွဲကြီးကြပ်အား မ​ခြေမငံ ​ပြောဆိုမှု​ကြောင့် မြန်မာနိုင်ငံ ​ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်း​ရေး ​ကော်မတီက လာမည့် ၂၀၁၈ ရာသီတွင် မြန်မာနိုင်ငံ ​ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှုးကျင်းပသည့် MNL ​ဘောလုံးပြိုင်ပွဲများနှင့် ပတ်သက်၍ မည်သည့်တာဝန်မှ ​ဆောင်ရွက်ခွင့် မပြူရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

MNL II MAX CEMENT 2017 အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် စီးတီးရန်ကုန်အသင်း တိုက်စစ်မှူး ဂျိုးဇက်က ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့ပြီး အဆိုပါ တိုက်စစ်မှူးအား စီးတီးရန်ကုန်အသင်းမှ စာချုပ်သက်တမ်းတိုးမြှင့်ရန် အစီအစဉ်ရှိနေသည်။ စီးတီးရန်ကုန်အသင်း တိုက်စစ်မှူး ဂျိုးဇက်သည် ၂၀၁၇ ဘောလုံးရာသီတွင် အသင်းအတွက် သွင်းဂိုး စုစုပေါင်း ၃၁ ဂိုးထိ သွင်းယူပေး ခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့သည်။ တိုက်စစ်မှူး ဂျိုးဇက်နှင့် ပတ်သက်၍ စီးတီးရန်ကုန်အသင်း နည်းပြ ဦးချစ်နိုင်က ”ဂျိုးဇက်အတွက် အသင်းဥက္ကဋ္ဌရော မန်နေဂျာနဲ့ ဆွေးနွေးပြီးပြီ။ လစာတိုးပေးဖို့ကအစပေါ့။ဒီအကြောင်းမပြောခင် ပထမအကျော့ MNL ပြီးတုန်းက အသင်းတွေက ဂျိုးဇက်ကို စိတ်ဝင်စားကြတယ်။ တိုက်စစ်မှူးကို ပေးနိုင်မလားပေါ့။ ကျွန်တော်ကတော့ မပေးနိုင်ဘူး။ လာမယ့်နှစ်အတွက် ဂျိုးဇက်က ဘောလုံးအရ 

Continue Reading

MNL II MAX CEMENT 2017 အမှတ်ပေးပြိုင်ပွဲတွင် အမှတ်ပေးဇယားကို ဦးဆောင်ထားသည့် စီးတီးရန်ကုန်အသင်းသည် ယခု တစ်ပတ်တွင် စီးတီးစတားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး စီးတီးစတားအသင်းကို အနိုင်ရပါက ပွဲစဉ်များမကုန်မီ၌ပင် ချန်ပီယံဖြစ်သွားမည်ဖြစ်သည်။ လက်ရှိ MNL II MAX CEMENT 2017 အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးရန် ပွဲစဉ် သုံးပွဲသာ ကျန်ရှိနေပြီး အမှတ်ပေးဇယားကို စီးတီးရန်ကုန် အသင်းက ရမှတ် ၄၄ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားသည်။ ထို့ပြင် စီးတီးရန်ကုန်အသင်းသည် ၁၆ ပွဲကစားပြီးချိန်တွင် ၁၄ ပွဲ နိုင်၊ နှစ်ပွဲ သရေ ၊ ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေခြင်းဖြစ်သည်။ စီးတီးရန်ကုန်အသင်းသည် လာမည့်ဇူလိုင် ၄ ရက် အောင်ဆန်းကွင်းတွင် စီးတီးစတားအသင်းနှင့် 

Continue Reading

MNL II MAX CEMENT 2017 (Week-16) တွင် အမှတ်ပေးဇယား ဒုတိယနေရာက မြ၀တီအက်ဖ်စီနဲ့ တတိယနေရာက မဟာယူနိုက် တက်အသင်းတို့ ထိပ် တိုက်တွေ့ဆုံနေပြီး အဆိုပါပွဲစဉ်သည် တန်းတက်ဖို့အတွက် အရေးပါသည့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။   ပွဲစဉ် ၁၅ အပြီးမှာ အမှတ်ပေးဇယားကို စီးတီးရန်ကုန်အသင်းက ရမှတ် ၄၀ မှတ်နဲ့ ဦးဆောင်ထားပြီး စီးတီးရန်ကုန်အသင်းက ဘောလုံး ရာသီအကုန်တွင် ပထမနေရာမှာ တန်းတက်ရန် ရေပန်းအစားဆုံးဖြစ်နေသည်။ လက်ကျန်ဒုတိယနေရာတစ်နေရာအတွက်ကိုမူ အဆင့် ၂ နေရာက မြ၀တီအသင်းနဲ့ အဆင့် ၃ နေရာက မဟာယူနိုက်တက်အသင်းတို့က အကြိတ်အနယ် လုရဖွယ်ရှိနေသည်။ မြ၀တီအသင်းက ၁၄ ပွဲကစားပြီးချိန်တွင် ၁၀ ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ 

Continue Reading

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် အသင်းတစ်သင်း ဖြစ်သည့် United of Thanlyin အသင်းကို စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်မှုကြောင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ၎င်းတို့ ဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။

General Aung San Shield 2017 ရှုံးထွက်ဘောလုံးပြိုင်ပွဲ မဲနှိုက်ရေးဆွဲပွဲ အခမ်းအနားကို ဧပြီ ၂၄ ရက် မွန်းလွဲ ၂း၀၀ နာရီက မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီးပထမအဆင့်တွင် ဖုန်ဂန်နှင့် GFA ၊ မြ၀တီနှင့်စီးတီးရန်ကုန်၊ နေပြည်တော်နှင့်ဒဂုံအက်ဖ်စီစသည့် အသင်းများ ထိပ်တိုက်တွေ့ဆုံခဲ့သည်။ မဲနှိုက်ရေးဆွဲပွဲအခမ်းအနားသို့  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အမှုဆောင် ဦးမိုးဆန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနေရှင်နယ်လိဂ် ကော်မ၀တီဝင် ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးဇော်မင်းသိန်းနှင့် အသင်းပိုင်ရှင်/ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ MFF စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်၊ မြန်မာဘရူဝါရီလီမိတက်မှ National Marketing Director ဒေါ်မြစိမ်းရီ၊ ကလပ်အသင်းများမှ စီအီးအို/အထွေထွေမန်နေဂျာများ၊ 

Continue Reading

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ်(၉) တွင် မြ၀တီအသင်း နိုင်ပွဲ ဆက်ခဲ့သည့်နည်းတူ ပွဲစဉ်(၈) တွင် နိုင်ပွဲပျောက်ဆုံးခဲ့ကြသည့် မဟာ ယူနိုက်တက်နှင့် ဖီးနစ်အသင်းတို့လည်း နိုင်ပွဲ ပြန်လည် ရရှိခဲ့သည်။ နေရှင်နယ်လိဂ်-၂ ပွဲစဉ်(၉) အား ပွဲစဉ်ရွှေ့ဆိုင်ထားသည့် စီးတီးရန်ကုန်-ယူနီဗာစတီ ပွဲစဉ်မှ လွဲ၍ ကျန်ပွဲစဉ်များကို ပြီးခဲ့သည့် မတ်လ ၁၄၊ ၁၅ ၊ ၁၆ ရက်များ ကျင်းပခဲ့ပြီး မြ၀တီ၊ ဖီးနစ် (က)၊ မဟာယူနိုက်တက် အသင်းတို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ခြင်းဖြစ်သည်။ မတ်လ ၁၄ ရက်က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ငွေကြယ်ပွင့်လေးများအသင်းနှင့် မြ၀တီအသင်းတို့ ပွဲတွင် မြ၀တီအသင်းက ခြေစွမ်းပြ ကစားကာ အမှတ်ပေးဇယားအောက်ဆုံးက ငွေကြယ်ပွင့်လေးများအသင်းကို ၆-၀ ဂိုးဖြင့် 

Continue Reading

ဖေဖော်ဝါရီ ၂၂ ရက်က ပဒုမ္မာကွင်း၌ ကျင်းပခဲ့သည့် နေရှင်နယ်လိဂ်-၂ ပွဲစဉ်(၆) တွင် ယူနီဗာစတီအသင်းက စီးတီးစတားအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိကာ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။ ပွဲတွင် စီးတီးစတားအသင်းက ရဲဝင့်သူ၊ တင်ဝင်းမြင့်၊ ကိုဘလာတို့ အပါအ၀င် ကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ယူနီဗာစတီအသင်းက နေမျိုးထွေး၊ အာကာမိုး၊ ခိုင်ရဲဝင်းတို့ဖြင့် ပွဲထွက်လာခဲ့သည်။ ပြည်ပကစားသမား နှစ်ဦး ပါဝင်သည့် စီးတီးစတားအသင်းသည် အနည်းငယ် ပွဲကိုစိုးမိုးကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုး ရယူနိုင်ခဲ့သော်လည်း ရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။ စီးတီးစတား အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် မိနစ် ၄၀ တွင် ဇင်မျိုးနိုင်က ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ဒုတိယပိုင်းတွင် ယူနီဗာစတီအသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများ ရရှိရေး ဖိအားပေးကစားလာခဲ့ပြီး ၆၈ 

Continue Reading

၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် (၂) အမှတ်ပေးဘောလုံးပြိုင်ပွဲ week 8 ပွဲစဉ်တစ်ပွဲအဖြစ် မတ် ၇ ရက်(ယနေ့) ညနေ ၄း၀၀ နာရီက အောင်ဆန်းကွင်းတွင် ဖုန်ဂန်အက်ဖ်စီအသင်းနှင့် စီးတီးစတားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဖုန်ဂန်အက်ဖ်စီအသင်းက ၂-၀ ဂိုြး ဖင့် အနိုင်ရခဲ့သည်။ စီးတီးစတားအသင်းသည် ပွဲသည်နှင့်တစ်ပြိုက်နက် ဦးဆောင်ဂိုးစတင်ရရှိရန် တိုက်စစ်ဦးစားပေးကစားခဲ့သော်လည်း ပွဲချိန် ၃ မိနစ်တွင် ဖုန်ဂန်  အသင်းမှပင် ဦးဆောင်ဂိုးစတင်ရခဲ့သည်။ ဖုန်ဂန်အသင်းအတွက် ဦးဆောင်ဂိုးကို ထွန်းလင်းလင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးနောက် စီးတီးစတားအသင်းသည် ချေပဂိုးရရှိရန် ပြန်လည်ကြိုးစားခဲ့သော်လည်း ဖုန်ဂန်အသင်း၏ နောက်ခံလူများကို ဖြတ်ကျော်နိုင်ခြင်းမရှိဘဲ ပထမပိုင်းအပြီးတွင် ဖုန်ဂန်အသင်းက ၁-၀ ဂိုးဖြင့် ပွဲကို ဦးဆောင်ခဲ့သည်။ ဒုတိယ ပိုင်းတွင် စီးတီးစတားအသင်းမှ ချေပဂိုးရရန် ကြိုးပမ်းခဲ့ပြီး 

Continue Reading

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် (၆) ပထမရက်ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပခဲ့ရာ သုဝဏ္ဏကွင်းယှဉ်ပြိုင်ခဲ့သည့် ပွဲတွင် ဖီးနစ် အသင်းက မြ၀တီအက်ဖ်စီ အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။