၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် (၂) အမှတ်ပေးဘောလုံးပြိုင်ပွဲ week 8 ပွဲစဉ်တစ်ပွဲအဖြစ် မတ် ၇ ရက်(ယနေ့) ညနေ ၄း၀၀ နာရီက အောင်ဆန်းကွင်းတွင် ဖုန်ဂန်အက်ဖ်စီအသင်းနှင့် စီးတီးစတားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဖုန်ဂန်အက်ဖ်စီအသင်းက ၂-၀ ဂိုြး ဖင့် အနိုင်ရခဲ့သည်။ စီးတီးစတားအသင်းသည် ပွဲသည်နှင့်တစ်ပြိုက်နက် ဦးဆောင်ဂိုးစတင်ရရှိရန် တိုက်စစ်ဦးစားပေးကစားခဲ့သော်လည်း ပွဲချိန် ၃ မိနစ်တွင် ဖုန်ဂန်  အသင်းမှပင် ဦးဆောင်ဂိုးစတင်ရခဲ့သည်။ ဖုန်ဂန်အသင်းအတွက် ဦးဆောင်ဂိုးကို ထွန်းလင်းလင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးနောက် စီးတီးစတားအသင်းသည် ချေပဂိုးရရှိရန် ပြန်လည်ကြိုးစားခဲ့သော်လည်း ဖုန်ဂန်အသင်း၏ နောက်ခံလူများကို ဖြတ်ကျော်နိုင်ခြင်းမရှိဘဲ ပထမပိုင်းအပြီးတွင် ဖုန်ဂန်အသင်းက ၁-၀ ဂိုးဖြင့် ပွဲကို ဦးဆောင်ခဲ့သည်။ ဒုတိယ ပိုင်းတွင် စီးတီးစတားအသင်းမှ ချေပဂိုးရရန် ကြိုးပမ်းခဲ့ပြီး 

Continue Reading

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ဘောလုံးလောက၏ အဆင့်အတန်း အမြင့်ဆုံး ထူးချွန် ဆုပေးပွဲ ဖြစ်သည့် MFF – MNL Awards Night အခမ်းအနားကို ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

လာမည့် ၂၀၁၇ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် ကော်မတီမှ ဦးစီးကျင်းပမည့် ပြိုင်ပွဲအသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် အတွက် ကလပ်အသင်းလိုင်စင် ကိစ္စရပ်များ (AFC Club Licensing Criteria) အချိန်မီ ဖြည့်တင်းမှု ပြုလုပ်ကြရာတွင် သတ်မှတ်ချိန်အတွင်း အချိန်မီ ဖြည့်ဆည်းနိုင်ခြင်း မရှိခဲ့သည့် ကလပ်အသင်း ငါးသင်းကို ယမန်နေ့ နံနက် ၁၁း၀၀ နာရီက အယူခံအဖွဲ့ (Appeal Body-AB) မှ စစ်ဆေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။